Saturday, December 20, 2008
Yonex RDS 001 Midplus Spec
98 sq. in. / 632 sq. cm.
Length:
27 inches / 69 cm
Strung Weight: 11.7oz / 332g
Balance:
8pts Head Light
Swingweight: 322
Stiffness:
68
Beam Width: 18-21 mm
Composition:
High Modulus Graphite / Elastic Ti
String Pattern:
16 Mains / 19 Crosses
Monday, December 15, 2008
Big Ruby ?
- Low Resolution Video Clip -
- High Resolution Video Clip -
On DVD, this scene is at a few seconds after the beginning of the chapter 14, around 53min 23secs. The dialogue goes like this -
Alfred Pennyworth (Michael Caine):
A long time ago, I was in Burma, my friends and I were working for the local government. They were trying to buy the loyalty of tribal leaders by bribing them with precious stones. But their caravans were being raided in a forest north of Rangoon by a bandit. So we went looking for the stones. But in six months, we never found anyone who traded with him. One day I saw a child playing with a ruby the size of a tangerine. The bandit had been throwing them away.
Bruce Wayne (Christian Bale) :
Then why steal them?
Alfred Pennyworth (Michael Caine):
Because he thought it was good sport. Because some men aren't looking for anything logical, like money. They can't be bought, bullied, reasoned or negotiated with. Some men just want to watch the world burn.
The first time I heard the line, I laughed.
And then I think, the script writer got the stories about Burma all mixed up.
May be, the kid playing with big buby is a grandson of one of those generals.
One thing is right though - there are men in Burma who just want to watch the rest of the country burn or drown as long as they can hold on to the power.
Wednesday, December 3, 2008
CEF ပြသနာ
ဒီပြသနာကြုံတာ ဒီလထဲမှာ အနည်းဆုံး ၃ ခါရှိပြီ။ Cisco layer-3 switch တွေမှာ CEF နဲ့ MLS ကိုသုံးရင် (default is on) CEF ဇယား ၂ ခုဆောက်ရတယ်။ တစ်ခုက Hardware table ဖြစ်ပြီး၊ တစ်ခုက Software table ဖြစ်ပါတယ်။ ဒီဇယားနှစ်ခုက Packet တစ်ခု ဘယ်ကိုသွားချင်ရင် ဘယ်ကတဆင့်သွားမယ်ဆိုတာ ဆုံးဖြတ်တာဖြစ်တယ်။ တနည်းပြောရင် Source နဲ့ destination address ကိုသိရင် next hop address ကိုဆုံးဖြတ်တာပေါ့။ အဲဒီ Hardware table နဲ့ Software table သဘောမတူကြတော့အခါ ပြသနာ မျိုးစုံ တက်တော့တာပါဘဲ။
ဒီဥပမာမှာ Source address (10.50.16.11) ကနေ destination address (10.100.6.1) နဲ့ (10.100.6.2) ကိုသွားတဲ့လမ်းကြောင်းကိုမှတ်ထားတဲ့ hardware table နဲ့ software table သဘောမတူဖြစ်နေတာကို တွေ့ပါလိမ့်မယ်။
switch က Cisco 6500 Supervisor-720 ဖြစ်ပါတယ်။
့hardware cef entry ကိုကြည့်ဖို့ command - "show mls cef exact-route
software cef entry ကိုကြည့်ဖို့ command - "show ip cef exact-route
"show ip route" မှာရော၊ software cef table မှာပါ next-hop က 10.50.252.26 လို့ပြောပြီး - hardware cef table မှာတော့ 10.100.6.2 အတွက် nexthop က 10.50.252.38 လို့ ပြောပါတယ်။ တကယ်တန်း packet က hardware cef table ကပြောတဲ့ လမ်းကြောင်းအတိုင်းသွားပါတယ်။
|
ဒီပြသနာကို Cisco website မှာ ဒီမှာရှင်းပြထားပေမဲ့ ရေးထားကတလွဲဖြစ်နေပါတယ်။
အမှန်ကတော့ အောက်ကစာပိုဒ်အတိုင်းဖြစ်သင့်တယ်လို့ထင်ပါတယ်။ နောက်ဆုံးစာကြောင်းက မှားနေတာပါ။
Difference Between IP CEF and MLS CEF |
Huck
ပြင်သစ်ဘုရင်လူဝီ ၁၆ ခေါင်းဖြတ်ခံရပြီး သူရဲ့သားအကြီးဆုံးမင်းသားလဲ ဘုရင်ဖြစ်ရမဲ့အစား ထောင်ထဲမှာ ပိတ်ထားခံရတဲ့အကြောင်း၊ တချို.ကပြောကြတာတော့ မင်းသားထောင်ထဲမှာ သေသွားတဲ့အကြောင်း ကျွန်တော်က လူမဲ ဂျင်ကို ပြောပြပါတယ်။
လူမဲ ဂျင် - "သနားစရာဘဲ"
ဟတ်က်ဘယ်ရီ - "ဒါပေမယ့် တချို.ကပြောကြတာက ထောင်ကလွတ်ပြီး အမေရိကကို ရောက်လာသတဲ့"
လူမဲ ဂျင် - "ဒါဆိုကောင်းတာပေါ့! ဒါနဲ့ သူတစ်ယောက်ထဲဖြစ်နေမှာပေါ့ - ဒီမှာ ဘုရင်ဆိုတာမှ မရှိတာ၊ မဟုတ်ဘူးလား ?"
ဟတ်က်ဘယ်ရီ - "မရှိဘူး"
လူမဲ ဂျင် - "ဒါဆို ဘယ်အဆင်ပြေမလဲ၊ သူဘယ်ရောက်သွားလဲ?"
ဟတ်က်ဘယ်ရီ - "မပြောတတ်ဘူး။ တချို.ကပြောတာတော့ ရဲအဖမ်းခံလိုက်ရတယ်တဲ့၊ တချို.ကလဲ ဒီကလူတွေကို ပြင်သစ်စကားပြောတာ နားလည်အောင် သင်ပေးတယ် တယ်တဲ့။"
လူမဲ ဂျင် - "ဘာကြောင့်လဲ ဟတ်က်? ပြင်သစ်လူမျိုးတွေ ငါတို့လို စကားမပြောကြလို့လား?"
ဟတ်က်ဘယ်ရီ - "ဘယ်ပြောမလဲ ဂျင် - မင်းဆိုလည်းသူတို့ပြောတာနားလည်မှာ မဟုတ်ဘူး။ စကားလုံးတစ်လုံးလေးမှ နားလည်မှာ မဟုတ်ဘူး"
လူမဲ ဂျင် - "ဒါဆိုရင်တော့ ငါတော်တော်အမြင်ကတ်မှာဘဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။"
ဟတ်က်ဘယ်ရီ - "ငါလဲ မပြောတတ်ဘူး။ ဒါပေမယ် အဲလိုဖြစ်နေတာတော့ သေချာတယ်။ သူတို့ပြောတဲ့စကားနည်းနည်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ဆိုပါစို့ တစ်ယောက်ကလာပြီး Polly-voo-franzy လို့ပြောရင် မင်းဘာလို့ထင်မလဲ"
လူမဲ ဂျင် - "ငါ ကတော့ဘာမှထင်မှာမဟုတ်ဘူး။ ခေါ်တဲ့ကောင်ရဲ့ ခေါင်းကိုသာ ရိုက်ခွဲပြစ်လိုက်မယ်။ အဲဒီကောင်က လူဖြူမဟုတ်ဘူး ဆိုရင်ပေါ့။ ဘယ်လူမဲကမှ ငါ့ကို အဲဒီလို ခေါ်တာ မခံနိုင်ဘူး။"
ဟတ်က်ဘယ်ရီ - "ချီးမှဘဲ၊ မင်းကို ဘယ်လိုမှခေါ်တာမဟုတ်ဘူး။ မင်း ပြင်သစ်စကားပြောတတ်သလားလို့မေးတာ။"
လူမဲ ဂျင် - "ဒါဆိုလဲ ဘာကြောင့် အဲလို မမေးသလဲ?"
ဟတ်က်ဘယ်ရီ - "သူက အဲလိုမေးနေတာဘဲ။ ပြင်သစ်လူမျိုးမေးတဲ့ နည်းနဲ့မေးနေတာ။"
လူမဲ ဂျင် - "ဟင်း - တော်တော်ရီစရာကောင်းတဲ့နည်းဘဲ။ တော်ပြီ ငါဒီအကြောင်းထပ်မကြားချင်တော့ဘူး။ အဓိပ္ပါယ်ကို မရှိဘူး"
ဟတ်က်ဘယ်ရီ - "ဂျင် ဒီမှာကြည့်၊ ကြောင်တွေ ငါတို့စကားပြောသလို ပြောလား?"
လူမဲ ဂျင် - "ဟင့်အင်း၊ ကြောင်တွေက ဘယ်ပြောလိမ့်မလဲ"
ဟတ်က်ဘယ်ရီ - "နွားဆိုရင်ကော ?"
လူမဲ ဂျင် - "ဟင့်အင်း၊ နွားလည်းတူတူဘဲ ဘယ်ပြောလိမ့်မလဲ"
ဟတ်က်ဘယ်ရီ - "နွားကရောကြောင်လိုစကားပြောသလား၊ ဒါမမဟုတ် ကြောင်ကရော နွားလိုစကားပြောသလား?"
လူမဲ ဂျင် - "ဟင့်အင်း၊ ဘယ်ပြောလိမ့်မလဲ"
ဟတ်က်ဘယ်ရီ - "သူတို့ဘာသာ စကားတစ်မျိုးဆီပြောကြတယ်ဆိုတာ သဘာဝကျတယ်၊ မဟုတ်ဘူးလား?"
လူမဲ ဂျင် - "ဟုတ်တာပေါ့"
ဟတ်က်ဘယ်ရီ - "ကောင်းပြီ၊ ဒါဆို ပြင်သစ်လူမျိုးက ငါတို့နဲ့မတူတဲ့ စကားပြောတာသဘာဝ မကျဘူးလား? ဖြေပါအုံး"
လူမဲ ဂျင် - "ကြောင်ကလူလား - ဟတ်က်?"
ဟတ်က်ဘယ်ရီ - "မဟုတ်ဘူး"
လူမဲ ဂျင် - "ဒါဆို ကြောင်တစ်ကောင်က လူလိုစကားပြောဖို့ဆိုတာ အဓိပ္ပါယ်မရှိဘူး။ နွားကရော လူလား? - နွားကရော ကြောင်လား?"
ဟတ်က်ဘယ်ရီ - "တစ်ခုမှ မဟုတ်ဘူး"
လူမဲ ဂျင် - "ကောင်းပြီ။ ဒါဆို ကြောင်ရော နွားပါ သူတို့နဲ့မဆိုင်တဲ့စကားပြောစရာအကြောင်းကိုမရှိဘူး။ ပြင်သစ်လူမျိုးဆိုတာ လူမဟုတ်ဘူးလား?"
လူမဲ ဂျင် - "ဟုတ်တယ်"
လူမဲ ဂျင် - "ကောင်းပြီ! ဒါဆိုဘာကြောင့်သူက လူလိုစကားမပြောရတာလဲ? မင်းဒီမေးခွန်းကိုဖြေပါအုံး"
ဒီလူမဲ အငြင်းအခုံလုပ်ဖို့ဆိုတာ တတ်မှာလဲမဟုတ်ဘူး - လေကုန်တာသာအဖတ်တင်တယ်။ ဒါနဲ့ ငါလည်းစကားဆက်မပြောတော့ဘူး။
Mark Twain ရဲ့ "Adventures of Huckleberry Finn" စာအုပ်မှဖြစ်ပါတယ်။
Huck က ၁၃ နှစ်သားအရွယ်ဖြစ်ပြီး အိမ်ကနေထွက်ပြေးခါ ဖေါင်တစီးပေါ်မာ လူမဲ Jim နဲ့ ခရီးသွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Huck က ပြန်ပြောတဲ့အနေနဲ့ ရေးထားတာဖြစ်ပါတယ်။
Monday, December 1, 2008
Networker တစ်ယောက်ရဲ့ စာအုပ်စင် (၁)
ဖတ်ခဲ့ဘူးတဲ့၊ ဖတ်နေရဆဲဖြစ်တဲ့ စာအုပ်တွေထဲက ကောင်းနိုးရာရာတွေကို ရေးသွားပါမယ်။
စာအုပ်အမည် - Internetworking with TCP/IP Vol1 (Principles, Protocols and Architecture)
စာရေးသူ - Douglas E Comer
ISBN-13 - 978-0131876712 (5th Edition)
၁၉၉၆ ခုနှစ် က ICST မှာ လေ့လာခဲ့ရတဲ့ TCP/IP နဲ့ဆိုင်တဲ့ပထမဦးဆုံးစာအုပ်ဖြစ်ပါတယ်။ နောက်ဆုံးထွက်တာကတော့ ၂၀၀၅ ခုနှစ်ထုတ် 5th Edition ဖြစ်ပါတယ်။ နိုင်ငံတကာက တက္ကသိုလ်တော်တော်များများမှာ သင်ရိုးစာအုပ်အနေနဲ့ သုံးစွဲတယ်လို့သိရပါတယ်။ ကျွန်တော်သင်ခဲ့ရတာကတော့ 2nd Edition ဖြစ်ပါတယ်။ ၁၀ နှစ်ကျော်ကြာခဲ့ပေမဲ့ အခုအချိန်အထိ ကျွန်တော့ဆီမှာ 3rd Edition စာအုပ်တစ်အုပ်ရှိပါတယ်။ ကျွန်တော်ညွန်းတဲ့ Chapter တွေက 3rd Edition ကဖြစ်တဲ့အတွက်ကြောင့် 5th Edition နဲ့ တော်တော်များများကွဲပြားနိုင်ပါတယ်။
ဒီစာအုပ်က ၃ အုပ်တွဲရဲ့ ပထမစာအုပ်ဖြစ်ပါတယ်။
ဒုတိယစာအုပ် (Vol 2) ကတော့ TCP/IP ကို အစအဆုံးပြန်ရေးလိုသူတွေအတွက် ရည်ရွယ်ပါတယ်။ TCP/IP မှာပါတဲ့ Data Structure တွေ၊ Algorithm တွေကို ANSI C နဲ့ရှင်းပြထားပါတယ်။ (ဒီစာအုပ်ကို တ၀က်တပျက်သာဖတ်ဖူးပါတယ်။)
တတိယစာအုပ် (Vol 3) ကတော့ TCP/IP ကိုသုံးပြီး Client/Server application ရေးလိုသူများအတွက် ရည်ရွယ်ပါတယ်။ Linux နဲ့ POSIX Socket တွေကို သုံးပြီးရှင်းပြထားပါတယ်။ (ဒီစာအုပ်ကို တ၀က်တပျက်သာဖတ်ဖူးပါတယ်။)
အဓိကဆွေးနွေးသွားမှာကတော့ Vol1 ဖြစ်ပါတယ်။ ဒီစာအုပ်က သီအိုရီကို ပိုပြီးအလေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဥပမာ ARP (Address Resolution Protocol) ကို
Chapter ၁၊ ၂၊ ၃၊ ၁၁၊ ၁၉ နဲ့ ၂၇ တို့က Protocol နဲ့ Protocol Layering နဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကိုရှင်းပြထားပါတယ်။ (အကြိမ်ကြိမ် ပြန်ဖတ်ဖို့လိုပါတယ်။)
Chapter ၄ ကနေ ၁၀ အထိက IP (Internet Protocol) အကြောင်းကို အသေးစိတ်ရှင်းပြထားပါတယ်။ ဒီလိုရှင်းပြတဲ့နေရာမှာ လက်တွေ့မှာ ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့ ဥပမာတွေပေးမထားပါဘူး။ စာဖတ်သူတွေအနေနဲ့ နေ့စဉ်အသုံးပြုတဲ့ Operating System တွေမှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ နှိုင်းယှဉ်လေ့လာဖို့လိုပါလိမ့်မယ်။ ဆိုပါစို့ Chapter ၉ က ICMP အကြောင်းကိုပြောတဲ့အခါ OS တွေမှာပါတဲ့ ping ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ နားလည်အောင်လေ့လာရင်ပိုပြည့်စုံပါလိမ့်မယ်။ (အကြိမ်ကြိမ် ပြန်ဖတ်ဖို့လိုပါတယ်။)
Chaper ၁၂ က UDP အကြောင်း ဖြစ်ပြီး (တစ်ခေါက်တော့ အနည်းဆုံးဖတ်ကြည့်ပါ၊ ဒိထက်ကောင်းတဲ့ စာအုပ်အချို.ရှိပါတယ်။)
Chapter ၁၃ က TCP အကြောင်းဖြစ်ပါတယ်။ ကျွန်တော့အလိုအရတော့ TCP ကိုဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရေးထားရင် ပိုပြည့်စုံမယ်လို့ထင်ပါတယ်။ (တစ်ခေါက်တော့ အနည်းဆုံးဖတ်ကြည့်ပါ၊ ဒိထက်ကောင်းတဲ့ စာအုပ်အချို.ရှိပါတယ်။)
Chapter ၈၊ ၁၄၊ ၁၅၊ ၁၆ ကတော့ IP Routing နဲ့ Routing Protocol တွေကိုရှင်းပြထားပါတယ်။ (တစ်ခေါက်တော့ အနည်းဆုံးဖတ်ကြည့်ပါ၊ ဒိထက်ကောင်းတဲ့ စာအုပ်တွေအများကြီးရှိပါတယ်။)
Chapter ၂၀ - TCP/IP Network ကို Application တွေက ဘယ်လိုစကားပြောတယ်ဆိုတာကိုရှင်းပြထားပါတယ်။ Socket Programming နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ (နားလည်အောင်ဖတ်ကြည့်ပါ၊ ဒိထက်ကောင်းတဲ့ စာအုပ်အချို.ရှိပါတယ်။)
ကျန်တဲ့ Chapter တွေကတော့ Application Layer Protocols တွေကိုရှင်းပြထားတာပါ။ (အချိန်ရှိရင်ဖတ်ကြည့်ပါ၊ ဒိထက်ကောင်းတဲ့ စာအုပ်တွေအများကြီးရှိပါတယ်။)
ကျွန်တော် အကြံပေးလိုတာကတော့ ဒီစာအုပ်ရဲ့ ပထမ Chapter ၂၀ ကို အချိန်ပေးပြီးနားလည်အောင်ဖတ်ကြည့်ပါ။ ကျောင်းတက်နေဆဲသူတွေ ဆိုရင် Vol 2 ကိုပါ အချိန်ရရင် ဖတ်ကြည့်ပါ။ Socket Programming ကိုဖတ်ရတာ နားမလည်ရင် ဒီ tutorial နဲ့တွဲပြီးဖတ်ပါ။
CCNA ဖြေဖို့ပြင်နေကြသူများလည်း Vol 1 ကို အချိန်ပေးပြီးဖတ်ကြည့်ပါ။ နောင်မကြာခင်မှာ သေချာပေါက်အသုံးဝင်ပါလိမ့်မယ်။

Sunday, November 30, 2008
၂၀၀၈ ရုံးပိတ်ရက်ခရီး (၃)
နိုဝင်ဘာ ၁၃ ရက် ၊ ၂၀၀၈ (ကြာသာပတေးနေ့) - ၊ ဂရန်းကင်ညွန်
မနက် ၇ နာရီ ၅ မိနစ်မှာ နေထွက်မယ်ဆိုတာကြောင့် ၊ မှောင်မှောင်မဲမဲ ၆ နာရီခွဲလောက်မှာ ဟိုတယ်ကနေ မနက်စာ ခတ်သုတ်သုတ်စားပြီးထွက်ခဲ့ကြတယ်။ Mather Point ကိုရောက်တော့ ကားရပ်တဲ့နေရာမှာ တစ်ဝက်ကျော်လောက်ပြည့်နေပြီး လူ ရာဂဏန်းလောက်ရောက်နေကြပြီ။ ကိုယ့်ထက်ဝိရိယကောင်းတဲ့လူဆိုတာ နေရာတကာမှာ ရှိတာပါဘဲ။
Grand Canyon က ကမ္ဘာမှာ သဘာဝအတိုင်းရှိတဲ့ အံမခန်းဖွယ် ခုနှစ်ခု ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
ဒီချောက်ကြီးဟာ
၁၊ အရှည် ၂၂၇ မိုင်
၂၊ အကျယ် ၄ မိုင်ကနေ ၁၈ မိုင်
၃၊ အနက် ပေ ၆၀၀၀ (၁ မိုင်ကျော်)
၎၊ သက်တန်း နှစ် ၆ သန်းကျော် (သိပ္ပံပညာရှင်များရဲ့ ခန့်မှန်းချက်) - ရှိပါတယ်။
အရီဇိုးနားပြည်နယ် (သမ္မတရွေးကောက်ပွဲမှာ ရှုံးသွားခဲ့တဲ့ အမတ်မင်း ဂျွန်မက်ကိန်းရဲ့ပြည်နယ်) မှာရှိပြီး၊ တောင်ဖက်ကမ်းပါး (south rim) ကို ကျွန်တော်တို့သွားခဲ့တာဖြစ်ပါတယ်။ မြောက်ဖက်ကမ်းပါးကိုလည်းသွားလို့ရပေမယ့် ဆီးနှင်းကျပြီး လမ်းတွေမှာ အန္တရာယ်ရှိတာကြောင့် အောက်တိုဘာလနောက်ပိုင်းဆိုရင် ပေးမသွားတော့ပါဘူး။
ရောင်နီသန်းတဲ့အချိန်ကစလို့ နေပြူတစ်တစ်လုပ်ပြီးခဏ နေလုံးအပြည့်ချောက်ကမ်းပါးပေါ်မှာမေးတင်တဲ့အချိန်အထိ ပြောင်းလဲသွားတဲ့ အရိပ်နဲ့ အရောင်တွေကို စာနဲ့ရေး၊ ဓါတ်ပုံနဲ့ပြလို့လည်း ပြည့်စုံနိုင်မယ်မဟုတ်ပါ။ ဒါပေမယ့်လည်း ကမ္ဘာအနှံက လူမျိုးပေါင်းစုံ ကင်မရာမျိုးစုံနဲ့ တဖြောင်းဖြောင်းဓါတ်ပုံရိုက်ကြတာပါဘဲ။ ကျွန်တော်အပါအ၀င်ပေါ့။ တစ်ယောက်ကတော့ ဟိုအရင်ခေတ်ကလို အလင်းပြားအကြီးကြီးတွေကိုသုံး၊ မှန်နောက်မှာ အ၀တ်ခေါင်းစွတ်ပြီး ရိုက်ရတဲ့ကင်မရာနဲ့ ဓါတ်ပုံရိုက်နေတာ တော်တော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ကင်မရာအပြင် အလင်းပြားတွေ ပါလာတာ မနည်းပါဘူး။
ဗမာလိုဆိုရင် ပုဇွန်ဆီရောင်လို့ဆိုရမလားဘဲ။ အင်္ဂလိပ်လိုတော့ Crimson လို့ခေါ်ကြပါတယ်။ ကွန်ပျူတာအတွက်တော့ #DC143C ပေါ့။ Grand Canyon ကိုမနက်မိုးလင်းခါစမှာ မြင်ရတဲ့အရောင်ကိုပြောတာပါ။ အနီတောက်တောက်မှာ၊ အပြာနည်းနည်းနဲ့ ခရမ်းရောင်ရောရော ဖြစ်ပါတယ်။ နေထွက်စအချိန်ဆို ဒီအရောင်တွေရဲ့ အချိုးအစားက မိနစ်တိုင်းလိုလို နည်းနည်းဆီ ပြောင်းသွားပါတယ်။
နေလုံးလုံးလည်းထွက်ရောက် ကျွန်တော်တို့ ဟိုတယ်ကိုပြန်၊ မနက်စာ နောက်တစ်ခေါက်အ၀စား၊ နာရီဝက်လောက် ခဏပြန်လှဲ၊ ရေချိုးပြီး ဟိုတယ်က အပြီးထွက်ခါ Grand Canyon ကို နောက်တစ်ခေါက်ပြန်ချီတက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ ချောက်မှာ အ၀လမ်းရှောက်ကြဖို့ပေါ့။
Grand Canyon ထဲကိုဝင်ဖို့ ကားတစ်စီးကို ၂၅ ဒေါ်လာပေးရပါတယ်။ လူဘယ်လောက်ပါပါ ဒီဈေးပါဘဲ။ လူတွေအများကြီးပါတဲ့ ဘတ်စကားဆိုရင်တော့ ဈေးပိုများပါတယ်။ ၂၅ ဒေါ်လာပေးရင် ခုနှစ်ရက်အတွင်း ကြိုက်သလောက် ၀င်လို့ ထွက်လို့ရပါတယ်။ ကြာကြာနေတဲ့သူတွေအတွက် ပိုတန်တာပေါ့။ ဂိတ်ကနေ၀င်ပြီး ပထမဦးဆုံးကားရပ်လို့ရတဲ့နေရာက Mather Point ဖြစ်ပါတယ်။ အဲဒီကနေ Visitor Center ကိုလမ်းရှောက်သွားလို့ရပါတယ်။ South Rim မှာ ကားရပ်လို့ရတဲ့နေရာ ၆ နေရာရှိပါတယ်။ တနေရာက တနေရာ ကူးဖို့အတွက် အကောင်းဆုံးကတော့ Bus ဖြစ်ပါတယ်။ ပိုက်ဆံပေးဖို့မလိုပါဘူး။ ၁၀ မိနစ်တစ်ခါလောက် ရောက်လာလေ့ရှိပါတယ်။ နေရာတော်တော်များများက ကိုယ်ပိုင်ကားနဲ့သွားလို့ မရပါဘူး။ အထူးသဖြင့် ချောက်ထဲကိုလမ်းရှောက်ဆင်းတဲ့ လမ်းစနေရာတွေကို Bus နဲ့သာသွားလို့ရပါတယ်။
ပထမဦးဆုံးသွားတဲ့နေရာကတော့ South Rim ရဲ့ အရှေ.ဘက်မှာရှိတဲ့ South Kaibab Trail ဖြစ်ပါတယ်။ ရေမျက်နှာပြင် အထက် ပေ ၇၂၀၀ ကျော်မြင့်တဲ့နေရကစလို့ ကော်လိုရာဒိုမြစ်အထိ ၇ မိုင်ကျော်လျောက်လို့ရတဲ့ တောင်ဆင်း တောင်တက်လမ်းဖြစ်ပါတယ်။ လမ်းက ၅ ပေလောက်ကျယ်ပြီး တစ်ဖက်မှာ ချောက်နက်၊ တစ်ဖက်မှာ ကျောက်နံရံရှိပါတယ်။ အသွားလမ်းနဲ့ အပြန်လမ်းက တစ်ခုထဲဖြစ်ပြီး လမ်းမှာ စားစရာ သောက်စရာဆိုင်မရှိပါဘူး။ "တစ်ရက်ထဲနဲ့ အသွားအပြန်လမ်းရှောက်ဖို့ မကြိုးစားပါနဲ့၊ ပင်ပန်းပြီးသေတဲ့သူတွေရှိခဲ့ဘူးတယ်" ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကိုတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ချောက်ထဲကို မိုင်ဝက် နီးနီးလောက် ဆင်းကြည့်ခဲ့ပါတယ်။ အဆင်းလမ်းကရှောကျမှာစိုးရိမ်ရပြီး၊ ပြန်အတက်လမ်းကတော့ ပင်ပန်းစရာကောင်းပါတယ်။ ၈ နှစ်၊ ၉နှစ်အရွယ် ကလေးနှစ်ရောက်နဲ့ မိသားစုတွေ အောက်ကိုဆင်းသွားတာတွေ့ခဲ့ပါတယ်။ ချောက်ရဲ့အောက်ထဲအထိ ဆင်းပြီး တစ်ညအိပ် စခန်းချနေရရင် တော်တော်ပျော်စရာကောင်းမယ်ထင်ပါတယ်။
အပေါ်ပြန်ရောက်ပြီးတော့ Rim Trail လမ်းကိုဖြတ်လို့ Park Head Quarter ဖက်ကိုပြန်လမ်းလျောက်ခဲ့ကြပါတယ်။ Rim Trail ကတော့ South Rim ရဲ့ဘေးမှာဖေါက်ထားတဲ့ လမ်းဖြစ်ပြီး အတက်အဆင်းမရှိပါဘူး။ နိုဝင်ဘာလလည်ဆိုတော့ လူသွားလူလာလည်း မရှိသလောက်နည်းပါတယ်။ လမ်းနည်းနည်းလျောက်လိုက်၊ ပတ်ဝန်းကျင်ကိုငေးမောလိုက်၊ စားလိုက်သောက်လိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့ဘဲ ၅ မိုင်ကျော်လမ်းလျောက်ခဲ့ကြပါတယ်။ ငယ်ငယ်က ကျောင်းမှာဖတ်ခဲ့ရတဲ့ W.H Davies ရဲ့ကဗျာထဲကစာပိုဒ်တစ်ခုကို သတိရမိပါသေးတယ်။
What is this life if, full of care,
We have no time to stand and stare
ကားရပ်ထားခဲ့တဲ့ ဈေးကွက်နေရာကိုပြန်ရောက်ပြီး အဲဒီနားက အမှတ်တရပစ္စည်းအရောင်းဆိုင်ကို ခဏ၀င်ကြည့်ခဲ့ပြီး နေ့လည် ၁ နာရီကျော်လောက်မှာ Grand Canyon ကထွက်ခဲ့ကြပါတယ်။
- သမင်တစ်ကောင် ကားလမ်းဘေးမှာရပ်ပြီး အစာစားနေတာတွေခဲ့ပါတယ်။ လူတွေနဲ့ တော်တော်ယဉ်နေပုံပါဘဲ။
- ချောက်ထဲကိုကြပြီး သေတာ တနှစ်ကို ပျမ်းမျှချင်း လူ ၂ ယောက်ရှိတယ်လို့မှတ်သားရပါတယ်။ မတော်တဆဖြစ်တာများပြီး၊ သေကြောင်းကြံသူတွေလည်းရှိတယ်လို့ဆိုပါတယ်။
- ဂိတ်အ၀င်မရောက်ခင်မှာရှိတဲ့ IMAX Theatre က Grand Canyon ရုပ်ရှင်ကိုရောက်ရင် ၀င်ကြည့်ပါ။ နာရီဝက်ကျော်လောက်ကြာပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

နောက်ကမြင်ရတဲ့တောင်ကို Buddha Temple လို့ခေါ်ပါတယ်



Wednesday, November 26, 2008
IP Multicast ကိုလက်တဲ့စမ်းချင်ရင်
လက်ထဲမှာ Router တွေ၊ switch တွေဝယ်ပြီးလို့ multicast ကိုစမ်းလိုသူများအတွက် -
၁၊ Windows မှာ mcast.exe ဆိုတဲ့ program တစ်ခု Windows 2003 Resource Kit ထဲမှာပါဝင်ပါတယ်။ Microsoft ကနေ download လုပ်နိုင်ပါတယ်။
|
|
၂၊ Linux မှာ စမ်းလိုသူများအတွက် iperf၊ ဒါမှမဟုတ် rtpqual ကိုသုံးကြည့်ပါ။ (* rtpqual ကတော့ compile လုပ်ဖို့လိုပါလိမ့်မယ်။ )
၃၊ ကိုယ်တိုင် socket programming ရေးလိုသူများ ဒီမှာ နမူနာ ယူကြည့်ပါ။
၎၊ Tibco သုံးသူများအတွက် tibrvsend နဲ့ tibrvreceive
၅၊ Windows မှာ သုံးလို့ရတယ်ဆိုတဲ့ Tools တွေကို ဒီမှာ လေ့လာကြည့်ပါ။
** Cygwin ကိုသုံးရင် Linux က program အားလုံးလိုလိုကို Microsoft Windows မှာ သုံးလို့ရနိုင်ပါတယ်။
Tuesday, November 25, 2008
IP Multicast မိတ်ဆက်
IP multicast အကြောင်းကိုလေ့လာမယ်ဆိုရင် switch ရဲ့တာဝန် နဲ့ router ရဲ့တာဝန် နှစ်ခုကွဲတာကနေ စရင်ပိုလွယ်မလားလို့ ထင်မိပါတယ်။ Multicast အချက်အလက်ကိုပို့တဲ့သူ source ကို ထုတ်ဝေသူ (publisher) လို့ခေါ်လေ့ရှိပြီး၊ အချက်အလက်ရရှိလိုတဲ့သူ destination ကို လက်ခံသူ subscriber လို့ခေါ်လေ့ရှိပါတယ်။ Multicast အချက်အလက်တွေကို သယ်ဆောင်တဲ့ Packet တစ်ခုမှာပါတဲ့ source address ကို usa (unicast source address) လို့ခေါ်ပြီး၊ destination address ကို dga (destination group address) လို့ခေါ်ပါတယ်။ DGA တန်ဖိုးဟာ ၂၂၄.၀.၀.၀ ကနေ ၂၃၉.၂၅၅.၂၅၅.၂၅၅ အထိရှိပါတယ်။ ၂၃၉ နဲ့စတဲ့ address တွေကတော့ Private address ဖြစ်တဲ့အတွက် လိုသလိုရုံးတွင်း၊ အိမ်တွင်းမှာ လိုသလိုသုံးလို့ရပါတယ်။ တနည်းပြောရရင် RIR မှာ မှတ်ပုံတင် ခွင့်မတောင်းဘဲနဲ့ ၂၂၄.၀.၀.၀ က ၂၃၈.၂၅၅.၂၅၅.၂၅၅ အတွင်းက address ကို မသုံးသင့်ပါဘူး။
Switch ရဲ့တာဝန်
ကွန်ပျူတာတစ်ခုက Broadast လုပ်တဲ့အခါမှာ လက်ခံလိုတာ၊ မလိုတာအသာထား Network ပေါ်မှာရှိတဲ့ ကွန်ပျူတာတိုင်း အချက်အလက်ကို ရရှိတယ်လို့ အကြမ်းဖြင်းပြောနိုင်ပါတယ်။ Multicast မှာတော့ အချက်အလက်ကို လိုချင်တဲ့အကြောင်း ရလိုသူကခွင့်တောင်းရပါတယ်။ ဒီလို လက်ခံလိုတဲ့ ကွန်ပျူတာက Multicast အချက်အလက် လိုချင်ကြောင်း ခွင့်တောင်းတာကို Join လုပ်တယ်လို့ခေါ်ပါတယ်။ Join လုပ်တာကို IGMP (Internet Group Management Protocol) သုံးပြီးလုပ်ပါတယ်။ တနည်းအားဖြင့် IGMP Join လုပ်တယ်လို့လဲခေါ်ပါတယ်။ Linux OS မှာ netstat -ng ဆိုတဲ့ command နဲ့ ကွန်ပျူတာတစ်ခုက ဘယ် Multicast group တွေကို လောလောဆယ် Join လုပ်ထားတယ်ဆိုတာ စစ်ဆေးလို့ရပါတယ်။
|
Switch တစ်ခုမှာ လာချိတ်ထားတဲ့ ကွန်ပျူတာတွေထဲက ဘယ်ကွန်ပျူတာက ဘယ် Multicast group ရဲ့အချက်အလက်ကို လက်ခံရရှိ လိုကြောင်း switch က မှတ်ထားရပါတယ်။ ဒီလို switch ကမှတ်ထားတာကို IGMP Snooping လို့ခေါ်ပြီး၊ မှတ်ထားတဲ့ ဇယားကို IGMP Snooping Table လို့ခေါ်ပါတယ်။ Default အနေနဲ့ IGMP Snooping က enable လုပ်ထားလေ့ရှိပါတယ်။ ဒါကို disable သွားလုပ်လိုက်ရင်တော့ switch မှာချိတ်ထားတဲ့ကွန်ပျူတာတိုင်းကို multcast group အားလုံးရဲ့အချက်အလက်ပို့ပေးမှာဖြစ်ပြီး၊ switch ဟာ hub တစ်ခုလိုဖြစ်သွားပါလိမ့်မယ်။ ဘယ်လိုပြသနာတွေဖြစ်နိုင်တယ်ဆိုတာ သေချာမလေ့လာ မတွက်ချက်ဘဲနဲ့ ဘယ်တော့မှ IGMP Snooping ကို disable မလုပ်ပါနဲ့။
|
Router ရဲ့တာဝန်
Router ရဲ့တာဝန်ကတော့ အာလုံးသိတဲ့အတိုင်း packet ကို route လုပ်ဖို့ဖြစ်ပါတယ်။ Router ရဲ့ ဘယ် Interface က ဘယ် Multicast group လို လက်ခံလိုတယ်ဆိုတဲ့အကြောင်းကို IGMP ကိုသုံးပြီးမှတ်သားထားပါတယ်။ Multicast routing protocol တွေကတော့
၁၊ DVMRP (Distance Vector Multicast Routing Protocol)
၂၊ MOSPF (Multicast extensions to OSPF)
၃၊ PIM (Protocol Independent Multicast) တို့ဖြစ်ပါတယ်။ ပထမ ၂ ခုကိုမလေ့လာဘဲ မေ့ထားလိုက်လို့ရပါတယ်။ အသုံးအများဆုံးက PIM ဖြစ်ပါတယ်။ Network တစ်ခုရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုလေ့လာတဲ့ နည်းလမ်း (Topology Discovery Mechanism) PIM မှာမပါဝင်ပါဘူး။ PIM က (BGP, OSPF, EIGRP, RIP) အစရှိတဲ့ routing protocol တစ်ခုရဲ့ topology discovery mechanism ကိုမှီခိုသုံးစွဲတဲ့အတွက်ကြောင့် unicast routing protocol တစ်ခုရှိမှအလုပ်လုပ်မှာဖြစ်ပါတယ်။ Protocol Independent လို့ခေါ်တဲ့အကြောင်းရင်းကတော့ ဘယ် unicast routing protocol ကိုအသုံးပြုရမယ်လို့ မသတ်မှတ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ တစ်ခုခု ရှိနေရင်းအလုပ်ဖြစ်တယ်ပေါ့။
ကွန်ပျူတာတွေက Multicast အချက်အလက်ရလိုကြောင်း သတင်းပို့တာကို IGMP Join လို့အထက်မှာပြောခဲ့ပါတယ်။ IGMP Join packet က switch ကို ဖြတ်ပြီး router ဆီကို ရောက်တဲ့အခါ router က IGMP table အနေနဲ့သိမ်းထားပါတယ်။ (switch မှာရှိတဲ့ IGMP snooping table နဲ့ မတူဘူးဆိုတာ မှတ်ထားပါ။)။
Router က IGMP Join ရတယ်ဆိုတာ Multcast အချက်အလက်ကို လက်ခံလိုတဲ့ကွန်ပျူတာအနည်းဆုံးတစ်လုံး Interface တစ်ခုမှာရှိနေတယ်ဆိုတာ သတင်းရတာဖြစ်ပါတယ်။ Router အနေနဲ့ Multicast အချက်အလက်ကို ဖြန့်ဝေပေးမဲ့ ကွန်ပျူတာ (publisher) ဆီကို အခြား router တွေကတဆင့်ဖြတ်ပြီး သတင်းပို့ရမှာဖြစ်ပါတယ်။
Router တွေအချင်းချင်း Multicast group လက်ခံလိုသူများ သတင်းပို့ပေးတာကို PIM register လုပ်တယ်လို့ခေါ်ပါတယ်။ Network ထဲမှာရှိတဲ့ Router တစ်ခုရဲ့နေရာကကြည့်လို့ RouterA က source နဲ့ပိုနီးရင် RouterA ကို ရေဆန် upstream router လို့ခေါ်ပြီး၊ destination နဲ့ပိုနီးရင် ရေစုန် downstream router လို့ခေါ်ပါမယ်။
PIM register packet တွေကို upstream router တွေဆီပို့ပေးရပြီး၊ Multicast data တွေက downstream router တွေဆီကို ဖြန့်ဝေပေးရတယ်လို့ပြောရင် သိပ်မျက်စေ့မလယ်ဘူးလို့မျှော်လင့်ပါရဲ့။
Multicast data flow
source ------> switch ------> RouterB ------> RouterA ------> RouterZ ------> switch ------> destination
Multicast control flow
host --- (IGMP Join) ---> switch ----> RouterA --- (PIM Register) ---> RouterB
PIM ကို လေးမျိုးထပ်ထားပါတယ်။
၁၊ PIM-SM (PIM Sparse Mode)
၂၊ PIM-DM (PIM Dense Mode)
၃၊ PIM-Bidir (PIM Bi-directional)
၎၊ PIM-SSM (PIM Source Specific Multicast)
နောက်နေ့မှ ဆက်ဆွေးနွေးကြသေးတာပေါ့။
Reading TCP kernel parameters using Python
There are total of 31 values (as of Ubuntu 2.6.20-16). I was working on a proof of concept project to validate TCP_DELAYED_ACK problem can be solved by double buffer write, as explained here.
This is an attempt to read TCP Kernel parameters using Python.
I could not get this running on a Windows computer though.
|
struct tcp_info { |
Sunday, November 23, 2008
၂၀၀၈ ရုံးပိတ်ရက်ခရီး (၂)
- နိုဝင်ဘာ ၁၂ ရက် ၊ ၂၀၀၈ (ဗုဒ္ဓဟူးနေ့) - မီးဒ်ရေကန် ၊ ဂရန်းကင်ညွန်
မနက် ၈ နာရီလေယာဉ်နဲ့ ဆန်ဖရန်စစ်စကိုကထွက်ခဲ့တာ လပ်စ်ဗေးဂပ်စ် ကို မနက် ၉ နာရီခွဲလောက်မှာ ရောက်ပါတယ်။ အငှားကား ၀င်ယူ၊ မနက်စာ စားပြီး ဗေးဂပ်စ်ကထွက်တော့ မနက် ၁၁ နာရီကျော်လောက်ရှိပါပြီ။ ဗေးဂပ်စ်မြို့ပြင်က မိုင် ၃၀ ခန့်မှာရှိတဲ့ Lake Meade ကို နေ့လည် ၁ နာရီလောက် ၀င်ကြည့်ခဲ့ပါတယ်။ Lake Meade က အမေရိကန်နိုင်ငံအတွင်း လူဆောက်တဲ့ ရေကန်တွေထဲမှာ အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
Lake Meade ရဲ့ဘေးမှာ ပတ်ဆောက်ထားတဲ့ မီးရထားလမ်းကြောင်းဟောင်း မှာ ၂ မိုင်လောက် လမ်းရှောက်ခဲ့ပါတယ်။ အဲဒီမီးရထားလမ်းကို ၁၉၃၁ က စတင်ဆောက်လုပ်ခဲ့ပြီး၊ ၁၉၆၁ ခုနှစ်မှာ အသုံးပြုတာ ရပ်စဲခဲ့တယ်လို့ဆိုပါတယ်။ အနီးအနာမှာရှိတဲ့ Boulder City ကနေ ဟူးဗား ရေကာတာ (Hoover Dam) ဆီကို ဆောက်လုပ်ရေး ကုန်ပစ္စည်းတွေ တင်ပြေးခဲ့တဲ့ ရထားတွေအတွက်လို့သိရပါတယ်။
Lake Meade ကထွက်ပြီး ၅ မိနစ်လောက်ကြာတော့ Hoover Dam ကိုရောက်ပါတယ်။ Grand Canyon ကို နည်းနည်းစောရောက်ချင်တာကြောင့် ၀င်မကြည့်တော့ဘဲ ဘေးကသာဖြတ်မောင်းခဲ့ပါတယ်။ ရေကာတာနားက လမ်းမှာ ရဲတွေက ကားတိုင်းကို စစ်ဆေးတာကြောင့် ဖြေးဖြေးသာမောင်းလို့ရပါတယ်။ လမ်းကလည်း တောင်တက်ဖြစ်တဲ့အပြင် အလိမ်အကောက်တွေများပါတယ်။ ရေကာတာကို လာရောက်လည်ပတ်သူတွေ တော်တော်များတာ သတိပြုမိပါတယ်။ ဒီရေကာတာရဲ့ဘေးနားလေးမှာ Nevada ပြည်နယ်နဲ့၊ Arizona ပြည်နယ်ကိုဖြတ်တဲ့ လမ်းကြောင်းရှိပြီး၊ အဲဒီနေရာကိုဖြတ်တာနဲ့ တစ်နာရီကွာသွားပါတယ်။ Nevada က Pacific Timezone ဖြစ်ပြီး၊ Arizona က Mountain Time ဖြစ်ပါတယ်။ အဲဒီနားမှာ ခြေတစ်လှမ်း၊ ဘီးတလှိမ့်လောက်ကွာတဲ့ အချိန်တစ်နာရီ ကွာတယ်လို့ဆိုနိုင်ပါတယ်။ Hoover Dam ဆိုတာ မနှစ်က နာမည်ကြီးခဲ့တဲ့ Transformers ရုပ်ရှင်ထဲမှာ လူဆိုးစက်ရုပ် Megatron ကို အစိုးရက သိမ်းထားတဲ့နေရာဖြစ်ပါတယ်။
Hoover Dam ကနေ လမ်းမ ၉၃ (Route 93) ပေါ်မှာ ၇၅ မိုင်လောက်မောင်းပြီးတဲ့အခါ Route-93 နဲ့ ပြည်နယ်ဖြတ်လမ်းမကြီး နံပါတ် ၄၀ (Interstate 40) တို့ဆုံတဲ့ Kingman မြို့လေးကိုရောက်ပါတယ်။ Kingman ဟာ ၁၉၃၀ ခုနှစ်များဆီက နာမည်ကြီး လူသုံးအရမ်းများခဲ့တဲ့ လမ်းမ ၆၆ (Route 66) ရဲ့ လမ်းဆုံးဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်များအစပိုင်းက စခဲ့တဲ့ စီးပွားပျက်ကပ် အချိန်တုံးက အမေရိကရဲ့ အရှေ.ဘက်ကမ်းကလူတွေ အလုပ်ရှာဖို့ အိမ်ယာကိုပြစ်ပြီး ရေကြည်ရာ မျက်နုရာ Route 66 အတိုင်း အနောက်ဘက်ကို လာခဲ့ကြတဲ့အတွက် အရမ်းစည်ကားခဲ့တယ်လို့ မှတ်သားခဲ့ဘူးပါတယ်။ ၂၀၀၆ ခုနှစ်က နာမည်ကြီးခဲ့တဲ့ Cars ကာတွန်းကားဟာ Route 66 ကိုနောက်ခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
Grand Canyon ကိုရောက်တော့ ည ၇ နာရီကျော် လောက်ရှိပြီး၊ မိုးစုတ်စုတ်ချုပ်နေပါပြီ။ အဲဒိနေ့က ကဆုန်လပြည့်ညမတိုင်ခင် တရက်ဖြစ်ပြီး တိမ်အတော်အသင့်ကင်းတဲ့ညဖြစ်လို့ လ အလင်းရောင်နဲ့ ညမှောင်မှောင်မှာ ပတ်ဝန်းကျင်ကို ကောင်းကောင်းမြင်ရပါတယ်။ အပူချိန်ကတော့ သုည အောက်နည်းနည်းလျော့မယ်ထင်ပါတယ်။ ဟိုတယ်မှာ ပစ္စည်းချပြီးတာနဲ့ Grand Canyon ကို လရောင်အောက်မှာမြင်ရအောင် ပြန်ထွက်ခဲ့ကြပါတယ်။
ဟိုတယ်ကနေ ၅ မိုင်လောက်မောင်းပြီးတော့ Grand Canyon ရဲ့ View Point တနေရာမှာ ကားရပ်ပြီး ချောက်ကြီးရဲ့ နဘေးမှာ သွားငေးခဲ့ကြပါတယ်။ လရောင်အောက်မှာ ပေ ၆၀၀၀ ကျော်နက်တဲ့ ချောက်ကြီးဟာ အပ်ကျသံကြားရအောင် ငြိမ်သက်နေပါတယ်။ ဟိုးဝေေ၀း ချောက်ထဲတနေရာမှာ မီးရောင် လဲ့လဲ့ကို လှမ်းမြင်ရပါတယ်။ ဒေသခံ လူနီရိုင်းတွေဘဲလား၊ ညစခန်းထွက်ကြတဲ့ ခရီးသယ်တွေဘဲလားတော့ မပြောတတ်ပါဘူး။ လူအုပ်စုကောင်းကောင်းနဲ့ ချောက်ထဲကို ညအိပ်ခရီးထွက်ဖို့ တချိန်ချိန်မှာ စီစဉ်ရအောင်လို့ ကျွန်တော့အကိုနဲ့ ပြောရင်စိတ်ကူးယဉ်ကြည့်မိပါသေးတယ်။ မြင်ရခဲတဲ့၊ ကြည့်လို့မ၀နိုင်တဲ့ လရောင်အောက်က ချောက်နက်နက်ကြီးကို ဓါတ်ပုံရိုက်ဖို့ အတန်အတန်ကြိုးစားပေမယ့် ဓါတ်ပုံပညာဥာဏ် ချို့တဲ့တာကြောင့် ပုံမဲမဲတွေသာ ထွက်လာပါတယ်။ အေးတာလဲ အရမ်းအေး၊ ဓါတ်ခဲတ၀က်ကျော်လဲကုန်သွားတာကြောင့် ၁ နာရီလောက် ငေးမောပြီးတဲ့အခါမှာ ဟိုတယ်ကို ပြန်ခဲ့ကြပါတယ်။ အသက် ၆၀ ကျော်ပြီးဖြစ်တဲ့ ကျွန်တော့အမေ ကျွန်တော်တို့နဲ့အပြိုင် အအေးထဲမှာ လိုက်နေပြီး နည်းနည်းမှ နှာစေး ခေါင်းကိုက်မဖြစ်ခဲ့ပါဘူး။



စာသင်ကျောင်း အလှူငွေ
MyanmarItPros မှတဆင့် သိကျွမ်းခဲ့တဲ့ ဂျပန်ပြည်ရောက် ကိုကျော်ထွန်းက - မုံရွာ (ပုလဲ) မြို့နားက မင်းမ(န) စာသင်ကျောင်းအတွက် တာဝန်ယူ အလှူငွေကောက်ခံနေပါတယ်။
လှူဒါန်းလိုသူများ http://www.ywathit.org/ ကတဆင့်ဆက်သွယ်နိုင်ပါတယ်။
Saturday, November 22, 2008
IPv4 သက်တမ်းကုန်မဲ့နေ့
လွန်ခဲ့တဲ့ ၂ လကျော်လောက်က Router တွေ သေတဲ့နေ့ ဆိုတဲ့ ခေါင်းစဉ်တစ်ခု ရေးခဲ့ပါတယ်။
အင်တာနက်မှာ လက်ရှိသုံးနေတဲ့ addressing စနစ်က IP version 4 ဖြစ်ပြီး IP address တစ်ခုမှာ 32-bits (4 bytes) ရှိတယ်ဆိုတာ သိကြမှာပါ။ ကွန်ပျူတာ စုစုပေါင်း ၃၂ ဘီလီယန် ကိုလိပ်စာပေးနိုင်တယ်လို့ ထင်ရပေမယ့် တကယ်တန်း ဒီထက်အများကြီးနည်းပါတယ်။
အောက်မှဖေါ်ပြထာတဲ့ address တွေကို အင်တာနက်မှာ တိုက်ရိုက်ချိတ်ဆက်လိုတဲ့ ကွန်ပျူတာတွေကို သုံးလို့မရပါဘူုး။
၁၊ ၁၀.x.x.x - (private address - see RFC-1918)
၂၊ ၁၂၇.x.x.x (loopback for localhost - see RFC-3300)
၃၊ ၁၇၂.၁၆.x.x ကနေ ၁၇၂.၃၁.x.x (private address - see RFC-1918)
၎၊ ၁၉၂.၁၆၈.x.x (private address - see RFC-1918)
၅၊ ၂၂၄.၀.၀.၀ မှ ၂၃၉.၂၅၅.၂၅၅.၂၅၅ (multicast - see RFC-3171)
၆၊ ၂၄၀.၀.၀.၀ မှ ၂၅၅.၂၅၅.၂၅၅.၂၅၅ (reserved - see RFC-3300)
IP address တွေကို ထိန်းချုပ်တဲ့ ဗဟိုအဖွဲ့အစည်းကတော့ IANA (Internet Assigned Numbers Authority) ဖြစ်ပါတယ်။ IP address လိုအပ်သူတွေကို IANA က ဒေသဆိုင်ရာ အင်တာနက် မှတ်တမ်းတင်ရုံးခွဲတွေကတဆင့် ချေးငှားပေးပါတယ်။ အဲဒီရုံးခွဲတွေကို RIR (Regional Internet Registry) လို့ခေါ်ပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ RIR ၅ ခုရှိပါတယ်။
ပို စုံစုံလင်လင်သိချင်ရင်IP Address ကို ဘယ်သူ့ဆီကတောင်းရမလဲ ဆိုတဲ့ခေါင်းစဉ်ကိုပြန်ဖတ်ကြည့်ပါ။
IP address ဖြန့်ဝေပုံကို အကျမ်းပြောရရင် -
၁၊ IANA -> RIR -> ISP -> Home User
၂၊ IANA -> RIR -> ISP -> Organizations (single-homed i.e. single Internet connection)
၃၊ IANA -> RIR -> Organizations (multi-homed i.e. multiple Internet connections from multiple ISPs
IANA က RIR တွေကို တစ်ကြိမ်မှာ /8 block ၂ ခုပေးပါတယ်။ /8 block တစ်ခုမှာ IP address ၁၆ သန်းကျော် ပါပါတယ်။ သဘောတူထားတဲ့ စည်းမျဉ်းကတော့ RIR တွေရဲ့လက်ထဲမှ ဖြန့်ဝေပေးဖို့ IP address ၉ လစာ ရှိရပါမယ်။ ဒိထက်နဲသွားရင် IANA ဆီက ထပ်တောင်းခွင့်ရှိပါတယ်။ လက်တွေ့မှာတော့ RIR တွေက သူတို့ရဲ့လက်ထဲမှာရှိတဲ့ IP address အရေအတွက် /8 block ၂ ခုထက် လျော့သွားရင် IANA ကထပ်တောင်းပါတယ်။ တနည်းပြောရရင်တော့ ISP တွေ၊ Organization တွေက IP address သုံးစွဲတဲ့နှုံးဟာ ၉ လတိုင်းမှာ ၃၂ သန်းခန့် (2 x /8 block) ရှိတယ်လို့ ယူဆနိုင်ပါတယ်။
၂၀၀၈ ခုနှစ် သြဂုတ်လ စာရင်းအရ IANA ရဲ့လက်ထဲမှ /8 block ၃၈ ခုကျန်ပါတော့တယ်။ ခန့်မှန်းတာကတော့ ၂၀၀၉ ခုနှစ်မှာ /8 block ၁၅ ခုလောက် ကုန်သွားပြီး၊ ၂၀၁၀ မှာ ၁၅ ခုထက်နဲနဲပိုကုန်သွားနိုင်ပါတယ်။ ဒီနှုန်းနဲ့ဆိုရင် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလရောက်ရင် IANA ရဲ့ လက်ထဲမှာ IPv4 address ကျန်တော့မှာမဟုတ်ပါဘူး။
အဆိုးဝါးဆုံးဖြစ်နိုင်တာကတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ အင်တာနက်ကို ချိတ်ဆက်မဲ့ကွန်ပျူတာတွေကနဲ့ အဲဒီအရင်က ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ ဆက်သွယ်လို့ မရတော့ဘဲ အင်တာနက် နှစ်ခြမ်းကွဲသွားမှာဖြစ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် IP version 6 (RFC-2460) ကို ၁၉၉၈ ခုနှစ်ကထဲက စံပြုခဲ့ပေမယ့် အခုအချိန် (၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်း) အထိ IPv6 ကို ပြောင်းလဲ အသုံးပြုကြတဲ့ အဖွဲ့အစည်းဆိုတာ မရှိသလောက်နည်းပါးပါတယ်။
နောက်ဆုံးမိနစ်အထိ အလုပ်မလုပ်ဘဲ အချိန်ဆွဲတယ်ဆိုတာ လူအများစုရဲ့အကျင့်ပါ။ ဒါပေမယ် IPv6 ကိုပြောင်းလဲဖို့ အချိန်ဆွဲတာကတော့ မီးနဲ့ကစားသလိုဖြစ်တယ်လို့ထင်ပါတယ်။ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းက Y2K ပြသနာကြောင့် IT လောကမှာ အလုပ်တွေအရမ်းတွင်ကျယ်ခဲ့ပါတယ်။ ခေတ်မမှီတော့တဲ့ COBOL Programmer တွေတောင် အလုပ်ကောင်းကောင်းရလိုက်ကြသေးတယ်လို့ကြားမိပါတယ်။ သိပ်တော့ ကြာကြာမခံဘူးပေါ့။
ကျွန်တော့အထင်တော့ ၂၀၁၀ ခုနှစ်ဆန်းပိုင်းမှာ IPv4 ကနေ IPv6 ကိုပြောင်းဖို့အတွက် ကုမ္ပဏီတွေပြာပြာသလဲ လုပ်ကြရင် IPv6 ကျွမ်းကျင်သူများအတွက် အလုပ်အကိုင်အသစ်တွေ ပေါ်လာနိုင်တယ်လို့ထင်ပါတယ်။
Sunday, November 16, 2008
၂၀၀၈ ရုံးပိတ်ရက်ခရီး (၁)
ရုံးကရတဲ့ခွင့်ရက်တွေကို နှစ်မကုန်ခင်ကုန်အောင်သုံးရင်သုံး၊ မသုံးရင်ဆုံးမယ်ဆိုတာကြောင့် အရင်တစ်ပတ်က ခွင့်ယူပြီး ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ကြိုတင်မစီစဉ်ခဲ့ပေမယ် တော်တော်အဆင်ပြေခဲ့ပါတယ်။
၅ ရက်အတွင်းမှာ မိုင် ၁ ထောင်ကျော်လောက်ကားမောင်းပြီး (*) ၊ ၁၀ မိုင် ကျော်လောက် တောလမ်းတွေမှာ လမ်းရှောက်ဖြစ်ခဲ့ပါတယ်။
- နိုဝင်ဘာ ၁၀ ရက် ၊ ၂၀၀၈ (တင်္နလာနေ့) - ဆန်ဖရန်စစ်စကို
Delta လေကြောင်းလိုင်းနဲ့ နယူးယောက်ကနေ မနက် ၈ နာရီကထွက်ခဲ့တာ ဆန်ဖရစ်ဆစ်စကို ကို နေ့လည် ၂ နာရီလောက် မှာရောက်ပါတယ်။ ဆန်ဖရင်လေယာဉ်ကွင်းနဲ့ သိပ်မဝေလှတဲ့ ဒေလီစီတီးက ဗမာစားသောက်ဆိုင်မှာ ကြေးအိုးပြုတ်၊ ၀က်အူသုပ်နဲ့ ဖက်ထုပ်ကြော်တို့ ၀င်စားခဲ့ပါတယ်။ နယူးယောက်မှာ ဒီလိုဆိုင်မျိုးရှိတယ်လို့မကြားမိပါဘူး။
စားပြီးတော့ ဆန်ဖရန်မြို့အနောက်စွန်မှာရှိတဲ့ Sutro Heights Park ကို ခဏသွားလည်ပြီး လမ်းနည်းနည်းရှောက်ခဲ့ပါတယ်။
- နိုဝင်ဘာ ၁၁ ရက် ၊ ၂၀၀၈ (အင်္ဂါနေ့) - ဆီကိုးရှားဥယာဉ် / ကင်းကင်ညွန်ဥယာဉ်
Sequoia National Park ဟာ ကာလီဖိုးနီးယားပြည်နယ် အလယ်ပိုင်းလောက်မှာ ရှိပါတယ်။ Los Angeles ရဲ့ မြောက်ဘက်၊ San Francisco ရဲ့တောင်ဘက်မှာဖြစ်ပါတယ်။ ကျွန်တော့အကိုနေတဲ့ မြို့ကနေ ၄ နာရီကျော် ကားမောင်းသွားရပါတယ်။
ဆီကိုးရှားဥယာဉ်က ဧက ၄ သိန်းကျော်ကျယ်ပါတယ်။ ဒီဥယာဉ်က ရေမျက်နှာပြင်အထက် ပေ ၁၃၀၀ ကနေ ပေ ၁၄၀၀၀ ကျော်အထိရှိပါတယ်။ ဥယာဉ်ထဲမှာရှိတဲ့ Mount Whitney တောင်က ပေ ၁၄၅၀၅ ပေရှိပြီး အမေရိကမှာ အမြင့်ဆုံး တောင်လို့ဆိုပါတယ်။
ကမ္ဘာမှာ အကြီးဆုံးသစ်ပင် German Sherman Tree အဲဒီဥယာဉ်ထဲ မှာရှိပါတယ်။ ဒီသစ်ပင်ရဲ့သက်တမ်းက အနှစ် ၂၅၀၀ လောက်ရှိမယ်လို့ခန့်မှန်းကြပြီး ၂၇၅ ပေ မြင့်ပါတယ်။
King Canyon National Park က ဆီကိုးရှားဥယာဉ်နဲ့တဆက်ထဲဖြစ်ပြီး ဧက ၄ သိန်း ၆ သောင်းကျောက်ကျယ်ပါတယ်။ ဆီကိုးရှားဥယာဉ်မှာ သစ်ပင်အကြီးကြီးတွေ အများကြီးရှိပြီး၊ အများကြီးပိုအေးပါတယ်။ ကျွန်တော်တို့ရောက်တဲ့ နေ့က နှင်းတွေ ကျနေပါတယ်။ တဆက်တည်းရှိတဲ့ ကင်းကင်ညွန်ဥယာဉ်မှာတော့ ရာသီဥတုအများကြီးပိုနွေးပြီး၊ သစ်ပင်တွေက ဆီကိုးရှားဥယာဉ်ထဲကလို မကြီးပါဘူး။ ကင်းကင်ညွန်ဥယာဉ်မှာ ကျောက်တောင်အမြင့်ကြီးတွေကြားထဲက မျက်ခင်းစိမ်းစိမ်းစိုစိုတွေ၊ ကျောက်စရစ်ခဲတွေနဲ့စမ်းချောင်းတွေ၊ မြစ်နဲ့ ရေတံခွန်တွေက တော်တော်ကို လှပါတယ်။ ကင်းကင်ညွန်ဥယာဉ်ထဲက ၁ မိုင်ခွဲရှိတဲ့ Zumwalt Meadow ဆိုတဲ့ မြေတတန်၊ ကျောက်တတန် တောလမ်းကို လမ်းရှောက်ကြည့်ခဲ့ပါတယ်။
ကျွန်တော့အစ်ကိုရဲ့မိတ်ဆွေ ဒေါက်တာကိုတင်လွင် ချက်ပြီးယူလာတဲ့ ကောက်ညှင်းငချိပ်ပေါင်း၊ ငါးရန့်ချောက်ကင်၊ အုံးသီးချစ် နဲ့ နှမ်းထောင်း ကတော့ အဲဒီခရီးမှာ အင်မတန်ကောင်းတဲ့ နေ့လည်စာဖြစ်ပါတယ်။

(*) my brother did all the driving :)
Thursday, November 6, 2008
စိတ်ချရတဲ့ Multicast
အချက်အလက်တွေကို Multicast အသုံးပြုပြီးဖြန့်ဝေတဲ့အခါ UDP ကိုမသုံးမဖြစ်သုံးရပါတယ်။ Multicast ဆိုတာ ကွန်ပျူတာ တစ်ခုကအချက်အလက်ပို့ပေးပြီး ကွန်ပျူတာအများကြီးက လက်ခံတဲ့ application တွေမှာပါတယ်။ ဥပမာ တစ်ခုကတော့ စတော့ဈေးကွက်ကဒိုင်တွေ ပေါက်ဈေး၊ ရောင်းဈေး၊ ၀ယ်ဈေး အချက်အလက်တွေကို ပွဲစား ကုမ္ပဏီတွေကို ဖြန့်ဝေပေးတဲ့အခါ သုံးလေ့ရှိပါတယ်။
UDP ရဲ့ သဘာဝက အချက်အလက်ကို ၀န်နည်းနည်းနဲ့ မြန်မြန်ပို့ပေးနိုင်ဖို့ဖြစ်ပါတယ်။ လက်ခံသူကရသည်၊ မရသည် ပြန်စစ်ဆေးတဲ့ စံနစ်မပါဝင်ပါဘူး။ ဒါကြောင့် UDP နဲ့ အချက်အလက်ပို့ပေးရင် စိတ်မချရဘူးလို့ ပြောနိုင်ပါတယ်။ (စိတ်ချစေချင်ရင်တော့ TCP ကိုသုံးပါ။ ဒါပေမယ့် ၀န်ပိုကြီးပါတယ်။ TCP ကို Multcast မှာသုံးလို့လဲမရပါဘူး။)
ငွေကြေးအချက်အလက်တွေကို Multicast/UDP သုံးပြီးဖြန့်ဝေပေးတဲ့အခါ လက်ခံရသူတွေက အချက်အလက်တွေကို မရခဲ့ရင် ပြန်တောင်းဖို့အတွက် Multicast မှာရော၊ UDP မှာပါ လုပ်ပေးနိုင်တဲ့ နည်းလမ်းမပါဝင်ပါဘူး။ ဒီလို စိတ်ချရတဲ့ Multicast ပရိုဂရမ်မျိုးရေးဖို့အတွက် Transport Layer နဲ့ Application Layer ကြားထဲက messaging middleware လိုအပ်ပါတယ်။
လောလောဆယ် ဈေးကွက်မှာ အအောင်မြင်ဆုံး သူ ၂ ဦးကတော့
၁၊ Tibco နဲ့
၂၊ 29West
တို့ဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေက ထုတ်လုပ်တဲ့ messaging middleware က Java, C, C++, C# (.NET) စတဲ့ လူသုံးများတဲ့ ပရိုဂရမ်ဘာသာစကားတွေကို အထောက်အပံ့ပေးပါတယ်။ Tibco (သို့) 29West ကို ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်တဲ့ ပရိုဂရမ်မာတွေဆို လခကောင်းကောင်းနဲ့ အလုပ်လွယ်လွယ်ရနိုင်ပါတယ်။ အထူးသဖြင့် ဘဏ်တွေ၊ စတော့ဈေးကွက်ဒိုင်တွေ၊ စတော့/ငွေကြေးပွဲစား လုပ်ငန်းတွေက ခေါ်လေ့ရှိပါတယ်။
Network Engineer ဒီ middleware တွေက စိတ်မချရတဲ့ Multcast/UDP ကိုစိတ်ချရအောင် ၀န်ဆောင် ပေးတယ်ဆိုတာ သိထားဖို့လိုပါတယ်။
ပို့ပေးတဲ့ကွန်ပျူတာ (sender) က အချက်အလက်တွေကို ပို့ပေးတဲ့အပြင် မိတ္တူပွားပြီး ခဏသိမ်းထားပေးပါတယ်။
လက်ခံတဲ့ကွန်ပျူတာ (receiver) ကအချက်အလက်တချို့ကို မရလိုက်ရင် ပြန်ပို့ပေးဖို့တောင်းပါတယ်။ ဒီလိုတောင်းတာကို ပို့ပေးတဲ့ကွန်ပျူတာရဲ့ မိတ္တူထဲမှာ ရှိသေးရင်ပြန်ပို့ပေးပါတယ်။
ပို့ပေးတဲ့ကွန်ပျူတာက မိတ္တူ ကိုဘယ်လောက်ကြာကြာသိမ်းထားမယ်ဆိုတာ လိုအပ်သလိုသတ်မှတ်နိုင်ပါတယ်။
လက်ခံတဲ့ကွန်ပျူတာတွေက ခဏခဏ ပြန်တောင်းနေရင်၊ ပို့ပေးသူကလည်း ပုံမှန်အလုပ်ကိုမလုပ်နိုင်ဘဲ ပို့ပေးပြီးသားအချက်အလက်ကို ပြန်ပြန်ပို့ပေးနေရပါလိမ့်မယ်။ မေးခွန်းထူတဲ့ ကျောင်းသားတွေများတဲ့စာသင်ခန်းမှာ အထပ်ထပ်ရှင်းပြနေရလို့ သင်ခန်းစာခရီးမရောက်သလို ဆန်ဆန်ပေါ့။
ဒီလိုဖြစ်တာ ပိုဆိုးဆိုးလာရင် "network ပြသနာ တစ်ခုခုဖြစ်နေပြီ" ဆိုပြီး ပျော်ပွဲ ရွှင်ပွဲ စတင်ပါတော့တယ်။
Wednesday, November 5, 2008
Tools of the Trade (Programming Languages)
မကြာမကြာလုပ်ရတဲ့အလုပ်တွေကို Program တစ်ခုရေးထားပြီးပြန်သုံးရင် အချိန်ကုန် လူသက်သာတယ်ဆိုတာ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့သူတိုင်းသိကြမှာပါ။ Networking နဲ့အသက်မွေးနေတဲ့သူတွေအတွက် အလိုလျောက်အလုပ်လုပ်ဖို့ ပရိုဂရမ်သေးသေး လေးတွေရေးဖို့မကြာခဏကြုံရပါတယ်။ အသုံးများကြတဲ့ Programming Language တွေကတော့ Perl, Expect, TCL (တစ်ကယ်လ် လို့အသံထွက်ပါ) နဲ့ Python တို့ဖြစ်ပါတယ်။
Cisco ရဲ့ EEM (Embedded Event Manager) မှာ TCL ကိုသုံးပါတယ်။ Cisco က EEM ကိုအသုံးပြုဖို့ အရမ်းကြော်ငြာ နှိုးဆော်ပေမယ့် အသုံးများတာ သိပ်မတွေ့ရသေးပါဘူး။ EEM အကြောင်းကို ဒီမှာ ဖတ်ကြည့်နိုင်ပြီး၊ လူတွေဝိုင်းရေးထားကြတဲ့ ဥပမာတွေကိုတော့ ဒီမှာ လေ့လာနိုင်ပါတယ်။
အထက်ကဖေါ်ပြခဲ့တဲကွန်ပျူတာ ဘာသာစကားတွေထဲမှာ Network Engineer တွေအသုံးအများဆုံးကတော့ Perl ဖြစ်ပါတယ်။ Perl မှာ အဆင်သင့်သုံးဖို့ Library တွေထောင်နဲ့ချီရှိပါတယ်။ အင်တာနက်ပေါ်မှာလည်း အသင့်ရေးပြီးသားပရိုရဂရမ်တွေ(ဥပမာ)၊ လေ့လာစရာနေရာတွေ (ဥပမာ)အများကြီးရှိပါတယ်။
Expect ကိုတော့ ကျွန်တော် သေသေချာချာမသုံးဖူးပေမယ့် Networking လောကမှာ အသုံးများပါတယ်။ အထူးသဖြင့် Network Management နဲ့ Router တွေ၊ Switch တွေရဲ့ အမြင့်ဆုံး ၀န်ဆောင်နိုင်မှု (load testing) ကို စမ်းသပ်တဲ့နေရာမှာ အသုံးများတယ်လို သိရပါတယ်။
Python ကတော့ အခုနောက်ပိုင်းမှာ Google က နေရာတိုင်းလိုလိုမှာ အကြီးအကျယ်အသုံးပြုလို့ ပိုလူသုံးများလာပါတယ်။ Network Programming မှာလည်း လွယ်လွယ်ကူကူ စမ်းသပ်လို့ရပါတယ်။ ဟိုအရင်ခေါတ်က Basic လို တစ်ခုခိုင်းရင် ချက်ချင်းအဖြေရတာကြောင့် မြန်မြန်နဲ့ လွယ်လွယ်စမ်းချင်တဲ့နေရာတွေမှာ အသုံးတဲ့ပါတယ်။
TCP socket တစ်ခုက ဖွင့်တဲ့ ဥပမာကို နည်းနည်းရေးသွားပါမယ်။ နောင်ပိုင်းထွက်တဲ့ Linux distribution တိုင်းလိုလိုမှာ Python ပါပြီးသား ဖြစ်ပါတယ်။
ဒီဥပမာက Linux shell ကနေ PIX Firewall (192.168.1.1) ကို Telnet သုံး Login လုပ်ပြီးတဲ့အခါမှာ "show ver" ဆိုတဲ့ command တစ်ခုကို run မှာ ဖြစ်ပါတယ်။ ပရိုဂရမ်မှာ တစ်လိုင်းရိုက်တိုင်း Firewall ဆီက တစ်ခုပြန်လာတာကို တွေ့ရပါလိမ့်မယ်။
်from socket import * - socket နဲ့ ဆိုင်တဲ့ Library တွေကို import လုပ်တာဖြစ်ပါတယ်။
s = socket(AF_INET, SOCK_STREAM) - TCP socket တစ်ခုကို memory မှာ တည်ဆောက်ပါမယ်။
s.connect(("192.168.1.1", 23)) - TCP Socket က Firewall ရဲ့ port 23 (telnet) ကိုလှမ်းဆက်သွယ်ပါတယ်။
print s.recv(1024) - Firewall ကပြန်လာတဲ့ Login Prompt ကို မြင်အောင်ပြပေးတာဖြစ်ပါတယ်။
s.send("password\n") - Firewall ကို Password ပို့ပေးပြီး Login လုပ်တာဖြစ်ပါတယ်။
print s.recv(1024) - Login လုပ်တာအောင်မြင်သွားလို့ Firewall ရဲ့ user prompt ကို ရောက်သွားတာကို မြင်အောင်ပြပေးပါတယ်။
s.send("show ver\n") - Firewall မှာ "show ver" ဆိုတဲ့ commad ကို Run ပါတယ်။
print s.recv(1024) - "show ver" ရဲ့ အဖြေကို မြင်အောင်ပြပေးတာဖြစ်ပါတယ်။
အထက်က Program ကို တလိုင်းခြင်းရိုက်လိုက်ရင် ဒီလိုတွေ့ရပါလိမ့်မယ်။
[root@bart ~]# python
Python 2.5.1 (r251:54863, Jun 15 2008, 23:59:20)
[GCC 4.1.2 20070925 (Red Hat 4.1.2-33)] on linux2
Type "help", "copyright", "credits" or "license" for more information.
>>> from socket import *
>>> s = socket(AF_INET, SOCK_STREAM)
>>> s.connect(("192.168.1.1", 23))
>>> print s.recv(1024)
User Access Verification
Password:
>>> s.send("password\n")
>>> print s.recv(1024)
Type help or '?' for a list of available commands.
COMM-FW>
>>> s.send("show ver\n")
>>> print s.recv(1024)
show ver
Cisco PIX Firewall Version 6.3(4)
Cisco PIX Device Manager Version 3.0(4)
Compiled on Fri 02-Jul-04 00:07 by morlee
COMM-FW up 11 days 7 hours
Hardware: PIX-501, 16 MB RAM, CPU Am5x86 133 MHz
Flash E28F640J3 @ 0x3000000, 8MB
BIOS Flash E28F640J3 @ 0xfffd8000, 128KB
0: ethernet0: address is 0015.2b2d.e2ed, irq 9
1: ethernet1: address is 0015.2b2d.e2ee, irq 10
Licensed Features:
Failover: Disabled
VPN-DES: Enabled
VPN-3DES-AES: Enabled
Maximum Physical Interfaces: 2
Maximum Interfaces: 2
Cut-through Proxy: Enabled
Guards: Enabled
URL-filtering: Enabled
Inside Hosts: 10
<--- More --->
>>>
Tuesday, November 4, 2008
သမ္မတ အိုဘားမား
ည ၁၁ နာရီ (နယူးယောက် အချိန်) မှာ အိုဘားမာ ရွေးကောက်ပွဲမှာ နိုင်သွားပြီလို့ သတင်းဌာန အားလုံးလိုလိုကကြေငြာသွားကြပါတယ်။ သူရဲ့ပြိုင်ဘက် ဂျွန်မက်ကိန်းက သူရှုံးသွားတာကို အသိအမှတ်ပြုကြောင်းဖုံးဆက်ပြောပြီးသွားပါပြီ။ ၂၀၀၄ ခု ရွေးကောက်ပွဲကဆို နောက်တနေ့ မနက်မိုးလင်းခါနီးအထိ ဘယ်သူနိုင်မှန်းမသိသေးသလို၊ ၂၀၀၀ ခုနှစ်ကဆို လချီပြီး မဲရေခဲ့ရပါတယ်။
အဲဒါနဲ့ယှဉ်ကြည့်ရင်တော့ အိုဘားမားက အပြတ်အသတ်နိုင်တာပေါ့။
အိုဘားမားဟာ အမေရိကန်ရဲ့ ပထမဦးဆုံးလူမဲသမ္မတဖြစ်ပြီး၊ အသက် ၄၇ နှစ်သာရှိတဲ့အတွက်ကြောင့် အမေရိကရဲ့ ၅ ဦးမြောက် အသက်အငယ်ဆုံး သမ္မတဖြစ်ပါတယ်။ (အငယ်ဆုံးက ၄၂ အရွယ်မှ သမ္မတဖြစ်ခဲ့တဲ့ သီအိုဒိုး ရုစဗဲ့ ဖြစ်ပါတယ်။ ကနေဒီက ၄၃ နှစ်မှာ သမ္မတ ဖြစ်ခဲ့ပြီ။ ဘီလ်ကလင်တန်က ၄၆ နှစ်မှာ သမ္မတဖြစ်ခဲ့ပါတယ်။)

သမ္မတရွေးကောက်ပွဲ့နဲ့ပတ်သက်လို့စိတ်ဝင်စားစရာ ၂ ခုကိုနည်းနည်းပြောချင်ပါတယ်။
၁။ လူတွေသန်း ရာနဲ့ချီပြီး မဲပေးကြပေမယ့် သမ္မတအနိုင်အရှုံးကို ပြည်နယ်တွေကို ကိုစားပြုသူတွေရဲ့မဲနဲ့သာဆုံးဖြတ်ပါတယ်။ လူအများစုပေးတဲ့မဲကို (popular votes) လို့ခေါ်ပြီး ပြည်နယ်ကို ကိုယ်စားပြုသူတွေရဲ့မဲကို (electoral votes) လို့ခေါ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ အယ်လ်ဂိုးက လူအများပေးတဲ့မဲမှာနိုင်ပြီး ကိုယ်စားပြုသူတွေပေးတဲ့မဲမှာ ရှုံးသွားလို့ ဘူရှ် သမ္မတ ဖြစ်လာခဲ့တာပါ။ တနည်းပြောရရင် လူအများပေးတဲ့မဲက သိပ်အဓိပ္ပါယ်မရှိသလိုဖြစ်နေတာပေါ့။
ဒါ့အပြင် ကိုယ်စားပြုသူတွေရဲ့မှာလည်း နိုင်တဲ့သူက အဲဒီပြည်နယ်ရဲ့ မဲအကုန်ရပါတယ်။ ဥပမာ နယူးယောက်ပြည်နယ်မှာ Electoral Vote စုစုပေါင်း ၃၁ ခု ရှိပါတယ်။ အဲဒီ ၃၁ မဲမှာ ၁၆ မဲ၊ ၁၅ မဲ ဖြစ်ခဲ့ရင် - နိုင်တဲ့သူက ၃၁ မဲလုံးရပြီး ရှုံးသူက တမဲမှ မရပါဘူး။ ABBA ရဲ့သီချင်းစာသားလို "the winner takes it all .. the loser standing small" ဖြစ်သွားတာပေါ့။
ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ အမေရိကရဲ့ သမိုင်းနဲ့ဆိုင်ပါတယ်။ အမေရိကလွတ်လပ်ရေးရတာ ၁၇၇၆ ခုနှစ်ကဖြစ်လို့ ရွေးကောက်ပွဲကျင်းပလာခဲ့တာ အနှစ် ၂၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်တုံးက မဲပေးတဲ့နေရာကိုသွားဖို့ဆိုတာ ရေတတန်၊ ကုန်းတတန်၊ ညအိပ်ညနေ သွားရပါတယ်။ ဒါကြောင့် လူတိုင်းလိုလိုက မဲပေးတဲ့နေရာကို မသွားနိုင်ဘဲ သူတို့ရွေးချယ်ပေးသူ တစ်ချို.က လူအများကို ကိုယ်စားပြုပြီး မဲသွားပေးရတာပါ။
ကနေ့ခေါတ်လို သွားရေးလာရေး လွယ်ကူပြီး နည်းပညာဖွံ.ဖြိုးတဲ့အချိန်မှာ Electoral vote စနစ်ကို ဆက်မသုံးသင့်ဘူးလို့ လူအများစုက ထင်ကြပါတယ်။ အခြေခံဥပဒေကို ပြန်ပြင်ရမှာပေါ့။ အဲဒါကိုမပြင်ရင် လူအများစုပေးတဲ့မဲက သိပ်တန်ဖိုးမရှိလိုဖြစ်နေပါမယ်။
၂။ သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ပထမပတ်ရဲ့ အင်္ဂါနေ့မှာ လုပ်လာတာ နှစ်ရာနဲ့ချီရှိပါပြီ။ မဲပေးတဲ့နေ့ဟာ ရုံးပိတ်ရက်မဟုတ်တဲ့ အတွက်ကြောင့် မဲပေးသူတွေ အနည်းနဲ့အများ ဒုက္ခရောက်ကြရပါတယ်။
ဒီလိုလုပ်ရတာလဲသမိုင်းအကြောင်းကြောင့်ပါ။ တနင်္ဂနွေနေ့ဆို လူတွေက ဘုရားကြောင်းသွားကြဆိုတော့ မဲပေးဖို့မဖြစ်နိုင်ဘူး။ အထက်က ပြောခဲ့သလို မဲပေးတဲ့နေရာကို ဝေးဝေးလန်လန်သွားရတာကြောင့် တနင်္လာနေ့မှာ လုပ်ဖို့လည်း အရင်ခေါတ်တွေက မဖြစ်နိုင်ခဲ့ဘူး။ ဒါကြောင့် အင်္ဂါနေ့မှာ မဲပေးကြတယ်လို့ဆိုပါတယ်။
လူတွေ လွယ်လွယ်ကူကူ မဲပေးနိုင်အောင် စနေနေ့ကိုပြောင်းချင်ပြောင်း၊ ဒါမှမဟုတ် အင်္ဂါနေ့ကို ရုံးပိတ်ရက်အဖြစ်အစိုးရက သတ်မှတ်ပေးဖို့ ပြောဆိုကြတာကို ကြားမိပါတယ်။
၎ နှစ်မှ တစ်ခါဖြစ်တဲ့အပြင် ကမ္ဘာမှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံမှာ မဲပေးတာကို အဆင်ပြေ၊ လွယ်ကူ၊ စံနစ်ကျအောင် ဒီအချက်လေးတွေ ပြင်ဖို့လိုတယ်လို့ထင်ပါတယ်။
Monday, November 3, 2008
စီးပွားပျက်ကပ် ၂.၀ ဖြစ်မှာလား (၃)?
[ သတိပေးချက် - ကျွန်တော်ကိုယ်တိုင်ဟာစီးပွားရေးကျွမ်းကျင်သူမဟုတ်ပါဘူး။ ကျွန်တောရေးတဲ့အချက်အလက်တွေဟာ ဖတ်မိမှတ်မိတာပေါ်မှာအခြေခံပြီး ကျွန်တော်ထင်တာကိုရေးတာဖြစ်တဲ့အတွက် မှန်တယ် မမှန်ဘူးဆိုတာ တာဝန်မယူနိုင်ပါဘူး :) ]
အိမ်ဝယ်သူကို ငွေချေးပြီးတဲ့နောက်မှာ ဘဏ်ရဲ့လက်ထဲမှာ အကြွေးစာရွက်ကျန်နေပြီး ငွေချေးသူက လစဉ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုငွေထုတ်ချေးတဲ့ဘဏ် (originating bank) က ငွေချေးသူလူမျိုးပေါင်းစုံရဲ့ ဆိုးဒဏ်၊ ကောင်းဒဏ်ကို ခံရမှာဖြစ်ပါတယ်။ ငွေချေးသူက ပြန်မဆပ်ရင် အိမ်ကိုပြန်သိမ်းပြီး ဘဏ်ကလေလံတင် ပြန်ရောင်းစားပေါ့။ အိမ်ကိုပြန်မသိမ်းခင်မှာတော့ လအတန်ကြာ သတိပေးလေ့ရှိပါတယ်။ ဒီလို အကြွေးဆုံးနိုင်တဲ့အန္တာရာယ်အနည်းအများကို risk လို့ခေါ်ပါတယ်။ ငွေချေးသူရဲ့ဝင်ငွေ၊ အလုပ်အကိုင်၊ လက်ထဲရှိငွေ စတာတွေပေါ်မှာမူတည်ပြီး risk ကိုဆုံးဖြတ်တာပေါ့။ အန္တာရာယ်ကြီးရင် ငွေလုံးလုံးမချေးရင်မချေးနဲ့၊ ဒါမှမဟုတ် အတိုးနှုံး အများကြီးနဲ့ချေးလေ့ရှိပါတယ်။ ပြန်မဆပ်ရင် ငွေလုံးလုံးဆုံးမှာဖြစ်တာကြောင့် ငွေချေးပေးတဲ့ဘဏ်တစ်ခုအနေနဲ့ ကိုယ့်ဆီကငွေချေးသူကို သေသေချာချာစစ်ဆေးဖို့ဆိုတာ အရေးကြီးပါတယ်။
ဘဏ်တွေက ၀င်ငွေမကောင်းတဲ့သူတွေ၊ ဆင်းရဲတဲ့သူတွေနေတာများတဲ့ ဒေသရပ်ကွက်ကိုပိုက်ဆံမချေးချင်ဘူးပေါ့။ အကြွေးဆုံးဖို့လမ်းက များတာကို။ ဘဏ်ကပိုက်ဆံမချေးတော့ရပ်ကွက်ကလည်းပိုဆိုးလာတာပေါ့။ ဒီလိုငွေမချေးတဲ့ပြသနာ အရမ်းဆိုးခဲ့တာကြောင့် ဆင်းရဲတဲ့ရပ်ကွက်ကလူတွေကို ငွေချေးဖို့ "ဒေသ ပြန်လည်ရင်းနှီးမြုပ်နှံရေး ဥပဒေ" (Community Reinvestment Act (CRA)) ကို ၁၉၇၇ ခုနှစ် သမ္မတ ဂျင်မီကာတာ လက်ထက်မှာ ပြထမ်းခဲ့ပါတယ်။ ဆင်းရဲ့တဲ့သူတွေ၊ ၀င်ငွေ မကောင်းသူတွေ အိမ်ပိုင် ယာပိုင်ဖြစ်အောင် ရည်ရွယ်ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေက နောင်အနှစ် ၃၀ လောက်ကြာတဲ့အခါ subprime crisis ဖြစ်စေဖို့ ဖန်တီးပေးခဲ့တဲ့ အဓိကအကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘဏ်မှာ ငွေချေးလုပ်ငန်းတွင်ကျယ်လာရင် ငွေလည်ပတ်တာအခက်အခဲတွေ့နိုင်ပါတယ်။ တိုင်းပြည်စီးပွားရေးကောင်း၊ လူတွေဝင်ငွေ ကောင်း၊ အိမ်တွေဝယ်ကြတဲ့အခါ ဘဏ်အနေနဲ့ချေးငွေနဲ့၊ လက်ထဲရှိငွေမမျှဖြစ်သွားနိုင်ပါတယ်။ (ဥပမာ - အိမ်တလုံးအတွက်ချေးရတာ က ၅ သိန်းလောက်ဖြစ်ပြီး၊ တစ်လပြန်ရတာက ၃ ထောင် လောက်ရှိမှာဖြစ်ပါတယ်၊)
ဒီလိုပြသနာမျိုးမဖြစ်အောင်လို့ ၁၉၇၀ ခုနှစ်လောက်ကတည်းက အိမ်ချေးငွေအကြွေးစာရွက်တွေကို တနည်းနည်းနဲ့ ပြန်လည်ရောင်းချတဲ့ နည်းလမ်းတွေစတင်ခဲ့ပါတယ်။ (စာညွန်း)။ အမေရိကန်အစိုးရက တိုက်ရိုက်ထိန်းချုပ်တဲ့ Freddie Mac နဲ့ Fannie Mae ဘဏ် ၂ ခုကိုတည်ထောင်ခဲ့ပြီး အိမ်ဝယ်ဖို့ ငွေထုတ်ချေးတဲ့ဘဏ်တွေက အကြွေးစာရွက်တွေကို ပြန်ဝယ်ခဲ့ကြပါတယ်။ ရည်ရွက်ချက်ကတော့ ငွေချေးသူကို တိုက်ရိုက်ထုတ်ချေးတဲ့ ဘဏ် (originating bank) တွေရဲ့ ၀င်ငွေ ထွက်ငွေလည်ပတ်မှုကို အဆင်ပြေအောင်လို့ဖြစ်ပါတယ်။
အမေရိကမှာရှိတဲ့ ဘဏ် အမျိုးအစား၂ ခုကို ခွဲခြားပြောဖို့လိုပါလိမ့်မယ်။ ပထမတမျိုးက ငွေစုငွေချေးဘဏ် (သို့) အများသုံးဘဏ် (commercial/consumre bank)၊ ဒုတိယတမျိုးက ရင်းနှီးမြှုပ်နှံမှုဘဏ် (investment bank) တို့ဖြစ်ပါတယ်။ Mortgage ထုတ်ချေးတာက ပထမအမျိုးအစားဘဏ်တွေဖြစ်ပါတယ်။
နှစ်မျိုးလုံး လုပ်ကြတဲ့ အရမ်းကြီးတဲ့ ဘဏ်တချို့လည်းရှိပါတယ်၊ (Citigroup, JP Morgan Chase, Bank Of America) တို့လိုမျိုးပေါ့။ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေရဲ့အဓိကလုပ်ငန်းတွေကတော့ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုပေါင်းရင်၊ တစ်ခုက တစ်ခုကိုဝယ်ရင် အကြံပေးတာတို့၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ကို အများပိုင်လုပ်ပေးတာတို့ (IPO - Initial Public Offering) ၊ အရမ်းချမ်းသာသူတွေရဲ့ ငွေကိုရင်းနှီးမြှုပ်နှံဖို့အကြံပေးတာတို့ စတဲ့အလုပ်တွေလုပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက အိမ်ဝယ်ဖို့ ငွေထုတ်မချေးသလို၊ ငွေစုဘဏ်လို ပိုက်ဆံသွားစုလို့လည်းမရပါဘူး။
အမေရိကမှာ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကတော့
၁၊ Goldman Sachs
၂၊ (Merill Lynch)
၃၊ Morgan Stanley
၎၊ (Lehman Brothers)
၅၊ (Bear Sterns)
တို့ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် နောက်ပိုင်းကစလို့ အိမ်ဈေးတွေတရိပ်ရိပ်နဲ့တက်လာပြီး လူတိုင်းလိုလိုအိမ်ဝယ်လာကြတဲ့အချိန်မှာ ငွေထုတ်ချေးတဲ့ဘဏ်တွေမှာ လည်ပတ်ဖို့၊ ချေးဖို့ငွေတွေများများရဖို့လိုလာပါတယ်။ ငွေရဖို့အတွက် အကြွေးစာရွက်တွေကို ရင်းနှီးမြှုပ်နှံမှုဘဏ်တွေလက်ထဲကို ရောင်းပြီးငွေရှာခဲ့ပါတယ်။ ဒီလိုအကြွှေးစာရွက် လက်အဆင့်ဆင့်လွဲရောင်းတာကို "အဆင့်ဆင့် ငွေထောက်ပန့်ခြင်း" (structured financing) လို့ခေါ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အထက်ကဖေါ်ပြခဲ့တဲ့ CRA ဥပဒေကို ပြင်ဆင်ပြီး အန္တာရာယ် ကြီးတဲ့ အိမ်ချေးငွေအကြွေးစာရွက်တွေကို ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက ၀ယ်ယူခွင့်ပေးခဲ့ပါတယ်။ တနည်းပြောရင်တော့ အကြွေးပြန်ဆပ်ဖို့ သိပ်မသေချာတဲ့လူတွေရဲ့ အကြွေးစာရွက်တွေကို လက်လွဲပြီးတဆင့်ဆင့်ရောင်းကြတာပါ။ အန္တာရာယ်ကြီးလေလေ အတိုးရတာများလေလေဆိုတော့ ငွေကိုမြင်ပြီး ရှေ.ရှောက်ဖြစ်မယ့်ပြသနာကို မမြင်ကွယ်ရာပြုထားကြတာပေါ့။ အဆိုးဝါးဆုံးဖြစ်ရင်တောင်
အိမ်ကိုပြန်ရောင်းစာပြီး ပိုက်ဆံပြန်ရနိုင်တာဘဲ၊ အိမ်ဈေးဆိုတာကြမှာမဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်ထင်ပါရဲ့။

Friday, October 31, 2008
အမေရိကသမ္မတအသစ်
နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၅ ရက်) ဆိုရင်အမေရိကသမ္မတအသစ် ဘယ်သူဖြစ်မလဲဆိုတာသိရတော့မယ်။ နောက်ဆုံးစစ်တမ်းတွေရဲ့အခြေအနေအရဆိုရင်တော့ အိုဘားမားက နိုင်တော့မယ်ထင်ပါတယ်။
မက်ကိန်းရှုံးခဲ့ရင် အဓိကအကြောင်းကတော့ လက်ရှိသမ္မတ ဂျော့ဘုရှ် နဲ့သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီကို အမြင်ကပ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ထင်ပါတယ်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ အရေးအခင်းဖြစ်ပြီးခါစမှာ အမေရိကန်ကို နိုင်ငံတကာက စိတ်မကောင်းဖြစ်တဲ့အပြင်၊ လိုအပ်တဲ့အကူအညီပေးချင်စိတ် ရှိခဲ့ပါတယ်။ ၇ နှစ်ကြာပြီးတဲ့အခါမှာ သမ္မတရဲ့ မတော်တရော် အကြိမ်ကြိမ် လုပ်တာတွေကြောင့် ဂျော့ဘုရှ်ဟာ ပြည်တွင်းရော၊ ပြည်ပမှာပါ လူကြိုက်အနည်းဆုံးသမ္မတ ဖြစ်နေပါတယ်။
အီရတ်စစ်ပွဲ
မက်ကိန်းနိုင်ခဲ့ရင် အီရတ်မှာ အမေရိကန်စစ်တပ်တွေ မပြီးနိုင်မစီးနိုင်တိုက်ခိုက်နေကြရပါမယ်။ မက်ကိန်းက တပ်တွေပြန်လာရရင် စစ်ရှုံးတာဖြစ်တယ်လို့မြင်ပါတယ်။ အမေရိကန်ပြည်သူအများစုကတော့ ပိုက်ဆံကုန်တာလည်းတရားလွန်၊ အမေရိကန်တွေလည်းသေ၊ စက်တင်ဘာ ၁၁ နဲ့မဆီမဆိုင်တဲ့ အီရတ်စစ်ပွဲကို မြန်မြန်ရပ်ချင်နေကြပြီလို့ ကျွန်တော်ထင်ပါတယ်။
စီးပွားရေး
ဒီပြသနာကိုတော့ မက်ကိန်းရော၊ အိုဘားမားပါ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ အဖြေရှိပုံမပေါ်ပါဘူး။
ဒီမေးခွန်းကိုမေးရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ညှိုးထိုးကြတော့တာပါဘဲ။
မက်ကိန်းက အခွန်ရှော့ကောက်ပြီး အိုဘားမားက အခွန်တိုးကောက်မဲ့သဘောရှိပါတယ်။
အိုဘားမားအလိုအရတော့ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၅၀၀၀၀ (နှစ်သိန်းခွဲ) ရှိတဲ့သူမှ အခွန်တိုးမှာဖြစ်တဲ့အတွက် အမေရိကန်မှာရှိတဲ့ လူဦးရေရဲ့ ၉၅% က အခွန်လျော့သွား၊ မတိုးသွားတာဘဲရှိမယ်လို့ဆိုပါတယ်။
မက်ကိန်းကတော့ အမေရိကန်လူဦးရေ ၄၀% လောက်ကအခွန်လုံးလုံးမပေးတဲ့အတွက်ကြောင့် အိုဘားမားရဲ့ ၉၅% ဆိုတဲ့ကိန်းဂဏန်းက မှားနေတယ်၊ တကယ်တန်းအလုပ်လုပ်တဲ့လူတွေက အခွန်ပိုပေး၊ အဲဒီအခွန်ငွေကို အစိုးရကဆုံးဖြတ်ပြီး ၀င်ငွေနည်းသူ၊ အလုပ်မရှိသူတွေကို ဝေငှပေးသွားမယ် - "wealth distribution" လုပ်သွားမယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်နိုင်ငံတွေကလုပ်တဲ့နည်းဖြစ်တယ် လို့ဆိုပါတယ်။
အိုဘားမားဘက်ကလည်း မက်ကိန်းသမ္မတဖြစ်ရင် ချမ်းသာတဲ့သူကပိုချမ်းသာ၊ ဆင်းရဲတဲ့သူကပိုဆင်းရဲ - ဒီလိုဖြစ်အောင် မက်ကိန်းဗဟိုအစိုးရရဲ့ အခွန်ဥပဒေက ပန့်ပိုးပေးလိမ့်မယ်လို့ဆိုပါတယ်။
ကျန်းမာရေး
အမေရိကမှာ ဆေးဖိုးဝါးခ တရားလွန်ဈေးကြီးပါတယ်။ ဆေးဝါးကုမ္မဏီတွေကဈေးတွေမတာရားမြှင့်၊ ကျန်းမာရေး အာမခံကုမ္မဏီတွေက ကြားထဲက လှည့်ပတ်တောင်းနဲ့ပေါ့။
မက်ကိန်းရဲ့ဖြေရှင်းမဲ့နည်းကတော့ ကျန်းမာရေးအတွက်တစ်နှစ်ကို ဒေါ်လာ ၅၀၀၀ အခွန်ထဲကလျော့ပေးပြီး။ အဲဒီပိုက်ဆံကို လိုသလို သုံးပေါ့လို့ ဆိုပါတယ်။ ကျွန်တော့အမြင်တော့ ၅၀၀၀ ဆိုတာ ဘာမှခံမယ်မထင်ပါဘူး။ အခန့်မသင့်လို့ဆေးရုံ ၁ ပတ်လောက်တက်လိုက်ရင် ၅၀၀၀ ဆိုတာ တခါထည်း ပလုံသွားမှာပါ။
အိုဘားမားကတော့ အလုပ်ရှင်တွေက အလုပ်သမားတွေကိုမရှိမဖြစ် ကျန်းမာရေးအာမခံဝယ်ပေးဖို့ (မ၀ယ်ပေးရင် ဒဏ်တပ်ဖို့လို့)၊ အာမခံကုမ္မဏီတွေက နေမကောင်းသူတွေကို မငြင်းပယ်ဖို့၊ ဈေးသက်သာအောင် ဆေးဝါးကုမ္မဏီတွေ၊ အာမခံကုမ္မဏီတွေနဲ့ ညှိုနှိုင်း ဖို့လို့ - စတာတွေပါဝင်ပါတယ်။ အပြောကောင်းပေမယ့် တကယ်လုပ်နိုင်ပါ့မလားဆိုတာကတော့ စဉ်းစားစရာပါ။
အခြားအရေးကြီးတဲ့အချက်တွေကတော့ -
၁၊ အရှေ.အလယ်ပိုင်းက လောင်စာဆီကိုအကြီးအကြယ်မှီပြုနေတာကိုဖြေရှင်းဖို့ (အီသနော၊ နှုကလီးယာစွမ်းအင်၊ မီးသွေး၊ ဟိုက်ဒရိုဂျင်ဆဲလ်၊ လျပ်စစ် - တစ်ခုခုကိုပြောင်းသုံးဖို့ပေါ့)
၂၊ ပတ်ဝန်းကျင်သန့်ရှင်းရေး
၃၊ ပညာရေး
၎၊ သမ္မတနဲ့ ဒုတိယသမ္မတတို့ရဲ့ အလုပ်အတွေ့အကြုံ
၅၊ နိုင်ငံတကာအတွေ့အကြုံ
၆၊ နိုင်ငံ ကာကွယ်ရွေး
စတာတွေဖြစ်ပါတယ်။
Wednesday, October 29, 2008
တီးဝိုင်း
နယူးယောက်မှာနေတဲ့အတွက် မကြာမကြာ ကျွန်တော့အိမ်ကို ဧည့်သည်လာလေ့ရှိပါတယ်။ အရင်တစ်ပတ်က (အောက်တိုဘာ ၁၈ ရက်နေ့) နယူးယောက်မှာ စိုင်းထီးဆိုင် အမှတ်တရတီးဝိုင်းကျင်းပသွားပါတယ်။ ကျွန်တော့ အကို ကိုချစ်ခိုင်က အဲဒီပွဲမှာ keyboard တီးပါတယ်။ သူနဲ့ အရင်စိုင်းထီးဆိုင်ရဲ့ "သဘာဝရင်သွေးငယ်" မှာ ဂစ်တာတီးတဲ့ ကိုဘုံးဘုံတို့ ကျွန်တော့အခန်းမှာ ၃ ည စတည်းချသွားကြပါတယ်။
သီချင်းတိုက်ကြတဲ့ ၂ ညလောက်တော့သွားပြီး နားထောင်ဖြစ်ပါတယ်။ မမေဆွိ၊ မမီမီဝင်းဖေ နဲ့ မရတနာဦး - တို့ကအဓိကဆိုကြတာ ဖြစ်ပါတယ်။ စောဘွဲ့မှူးရဲ့သား ဘွဲ့လေးလည်းလာပြီးဂစ်တာတီးသွားပါတယ်။
၁၈ ရက်နေ့တီးဝိုင်းစတဲ့ညက တီးဝိုင်းရဲ့စက်အသံတွေက တော်တော်ကောင်းပါတယ် (သိပ်သိလို့တော့မဟုတ်ပါဘူး၊ စိတ်ထဲထင်တာပြောတာပါ)။ လူသိပ်များများလာတာမတွေ့မိဘူး။ တီးဝိုင်းက ၆ နာရီခွဲလောက်မှာစတာ၊ ကျွန်တော်လည်း ကိစ္စတစ်ခုရှိတာကြောင့် ၇ နာရီကြော်ကြော်မှာ ထွက်ခဲ့ရတာမို့ နောက်ပိုင်းလူများလာသလားတော့မပြောတတ်ဖူး။


Tuesday, October 7, 2008
စီးပွားပျက်ကပ် ၂.၀ ဖြစ်မှာလား (၂)?
လောလောဆယ်ကမ္ဘာအနှံကိုပြန့်ပွားမလိုဖြစ်နေတဲ့ စီးပွားရေးကမောက်ကမဖြစ်မှုကြီးဘယ်ကစတာလဲ - ဆိုတာကိုပညာရှင်တွေကအမျိုးမျိုးသုံးသပ်ကြသလို၊ နိုင်ငံရေးသမားတွေကလည်း တစ်ရောက်နဲ့တစ်ရောက်လက်ညှိးထိုးကြနဲ့ပေါ့။
ကျွန်တော်လည်းဖတ်ဖူးသလောက်၊ မှတ်ဖူးသလောက်နဲ့ ထင်ရာမြင်ရာဆွေးနွေးသွားပါမယ်။
၁၉၈၇ နှစ်က အော်လီဗာစတုန်းရိုက်ပြီး၊ မိုက်ကယ်ဒေါက်ဂလပ်စ် နဲ့ ချာလီရှီးန် တို့သရုပ်ဆောင်တဲ့ "Wall Street" ရုပ်ရှင်ထဲက ဇာတ်ကောင် ဂေါ်ဒွန်ဂက်ကို (မိုက်ကယ်ဒေါက်ဂလပ်) ပြောတဲ့စကားက အခုဖြစ်နေတဲ့ပြသနာတွေရအစလို့ ကျွန်တော်ထင်ပါတယ်။
"လောဘ - ဒိထက်ကောင်းတဲ့စကားလုံးလဲရှာလို့မရတဲ့အတွက် - ဆိုတာ ကောင်းတယ်"
"Greed, for lack of better word, is good"
၂၀၀၀ ခုနှစ်လောက်ကစပြီး အမေရိကမှာ အိမ်ဈေးတွေတက်ပြီးရင်းတက်နေတာ ၂၀၀၆ ခုနှစ်ကုန်လောက်အထိပါဘဲ။ ၁ နှစ်လောက်အတွင်းမှာကို အိမ်ဈေးတွေက ၂ ဆလောက်တက်သွားတဲ့နေရာတွေရှိခဲ့ပါတယ်။ ကိုယ့်အိမ်နီးနားခြင်း၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အိမ်ဝယ်ရောင်းလုပ်ပြီး အကြီးအကြယ်မြတ်သွားတယ်ဆိုတာကို နေ့စဉ်လိုလိုကြားနေရပါတယ်။ ရေဒီယိုတို့၊ တယ်လီဗီးရှင်းတို့မှာလည်း အိမ်ဝယ်သင့်တဲ့အကြောင်း၊ အသစ်ဆောက်ထားတဲ့အိမ်တွေအကြောင်း ကြော်ငြာတွေဆိုတာ အမြဲမပြတ် မြင်နေကြားနေခဲ့ရပါတယ်။
အိမ်ကိုဝယ်ရောင်းလုပ်ပြီးအမြတ်လိုချင်တယ်ဆိုတာ ပိုက်ဆံရှိတာ၊ မရှိတာအသာထားလို့ လူတိုင်းလိုလိုလုပ်ချင်ခဲ့ကြပါတယ်။ ငွေကို လွယ်လွယ်၊ မြန်မြန်၊ များများရမှာဆိုတော့ ဘာမကောင်းစရာရှိသလဲပေါ့။ အိမ်ဝယ်မယ်ဆိုတာ သေချာပြီးတဲ့နောက်ဘယ်လိုအိမ်ကို ၀ယ်မယ်ဆိုတာဆုံးဖြတ်ရမဲ့အချန်ရောက်လာပါတယ်။ ၀ယ်ရောင်းလုပ်မှာဆိုတော့ ဈေးကြီးကြီးအိမ် ၀ယ်လေလေ အမြတ်များများရလေလေဘဲပေါ့။ ဒါ့အပြင် ကိုယ့်အိမ်နီးနာခြင်းက အိပ်ခန်း ၄ ခန်းနဲ့၊ ဧက၀က်မြေပါတဲ့အိမ်ကိုဝယ်တာဆိုတော့ - အနည်းဆုံးအိပ်ခန်း ၅ ခန်းနဲ့ ရေကူးကန်ပါတဲ့အိမ်ကိုဝယ်မှဖြစ်တော့မှာပေါ့။
ကြိုက်တဲ့အိမ်လဲတွေ့ပါပြီ။ ပြသနာတစ်ခုဘဲကျန်ပါတော့တယ်။ အိမ်ဝယ်ဖို့ပိုက်ဆံပေါ့။ အိမ်က ဒေါ်လာ ၇ သိန်းတန်တယ်၊ ဒါပေမယ့် ကိုယ့်လက်ထဲမှာ ဒေါ်လာ ၂ သောင်းလောက်ဘဲရှိတယ်။ အလုပ်ကလဲ တစ်လမှ ဒေါ်လာ ၃၀၀၀ လောက်ရတယ်။ ဒီပြသနာကို အစိုးရနဲ့ ဘဏ်တွေက ဖြေရှင်းပြီးသားပေါ့။
၁၉၉၀ ခုနှစ်များအလယ်ပိုင်း သမ္မတ ဘီလ်ကလင်တန်လက်ထက်၊ ဗဟိုဘဏ်ဥက္ကဌ အလန်ဂရင်းစပန် လက်ထက်မှာ ၀င်ငွေမကောင်းတဲ့သူတွေ၊ နိုင်ငံခြားကလာရောက်အလုပ်လုပ်တဲ့သူတွေ အိမ်အလွယ်တကူဝယ်နိုင်အောင်ဆိုပြီး အိမ်ဝယ်ဖို့ချေးငွေ (Mortgage) နဲ့ပတ်သက်တဲ့ ဥပဒေတွေကိုပြင်ဆင်ခဲ့ပါတယ်။
အဲလိုပြင်ဆင်ခဲ့တာတွေထဲက ၃ ခုကိုပြောရရင်
၁၊ စာရွက်စာတမ်းမလိုတဲ့ချေးငွေ (no document loan) - ချေးတဲ့ငွေကိုလစဉ်ပြန်ဆပ်ဖို့အတွက် ဘယ်လိုဝင်ငွေရှိတယ်တာပြဖို့ မလိုအပ်ဘူးလို့ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ အိမ်ဝယ်မယ်ဆိုရင် အချပေးငွေ (down payment) ကိုအိမ်တန်ဖိုးရဲ့ ၂၀% ထုံးစံပါ။ ဒီထက်လျော့ပေးလို့လည်းရပါတယ် - ဒါပေမယ့်လစဉ်ပေးရတာပိုများသွားတာပေါ့။ ဒီ အချပေးငွေကို ဘယ်ကရလာတယ်ဆိုတာလဲ စာရွက်စာတမ်းပြဖို့မလိုပါဘူး။
၂၊ အတိုးကိုသာပေးသောချေးငွေ (interest only loan) - အိမ်ဝယ်ပြီး ပထမ ၃ နှစ်မှာ ချေးငွေရဲ့အရင်းကိုတပြားမှ ပေးစရာမလိုဘဲ အတိုးကိုသာပြန်ဆပ်တဲ့ ချေးငွေဖြစ်ပါတယ်။ ၃ နှစ်ကြာပြီးရင်တောင်မှ အိမ်ကိုတစ်ပြားဖိုးမှ မပိုသေးဘူးပေါ့။ ဒီလိုပြောင်းတဲ့ ဥပဒေရဲ့ရည်ရွယ်ချက်ကတော့ ၀င်ငွေမကောင်းတဲ့သူတွေ လစဉ်ပေးငွေသက်သက်သာသာနဲ့ အိမ်ဝယ်နိုင်အောင်လို့ပေါ့။ အဲဒီစနစ်မှာ အခွန်နှုံးက ပုံမှန် ၁၅ နှစ်၊ နှစ် ၃၀ ချေးငွေထက် အတိုးနှုံးနည်းပါတယ်။ ပထမ ၃ နှစ် (သို့မဟုတ် ၅ နှစ်) ပြီးရင်တော့ အတိုးနှုံးပြောင်းသွားမှာပေါ့။ ဒါကို ပြောင်းလဲနိုင်သော အတိုးနှုံး (ARM - Adjustable Rate Mortgage) လို့ခေါ်ပါတယ်။
၃၊ ကိုယ်တိုင်နေတဲ့အိမ်ကို ရောင်းလို့အမြတ်ရရင် ဒေါ်လာ ၅ သိန်းအထိ အခွန်ပေးစရာမလိုဘူး။ အမေရိကမှာ ဘာအလုပ်လုပ်က ၀င်ငွေရရ ၃၅% လောက်အခွန်ပေးရပါတယ်။ အိမ်ရောင်းလို့ရတဲ့အမြတ်ကလွဲလို့လေ။
ဒီဥပဒေအပြောင်းအလွဲတွေဟာ ၀င်ငွေနည်းသူတွေ အိမ်ပိုင်ဆိုင်ခွင့်ရအောင် အားပေးဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကောင်းတယ်လို့ပြောရမလားဘဲ။ ဒီဥပဒေကို ရေးခဲ့သူတွေက - လူတွေလောဘတက်ရင် ဆင်ခြင်တုံတရား ပျောက်သွားတယ်ဆိုတာ ကိုထဲ့မစဉ်းစားခဲ့တာလား၊ လျော့တွက်ခဲ့တာလား - တစ်ခုခုပါဘဲ။
ဘဏ်တွေဘက်ကလဲ ပထမဥပဒေ နှစ်ခုလုံးတဲ့ညီတဲ့လူတွေကို ငွေချေးချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်အရောင်းအ၀ယ်လုပ်တဲ့ အချိန်မှာ စာရွက်စာတမ်းကြေး၊ ၀န်ဆောင်ခ ပိုရတဲ့အပြင် အတိုးလည်းပိုရလို့ပေါ့။ ဒီလို ချေးငွေကို subprime mortgage လို့ခေါ်ပါတယ်။ Prime ဆိုတာ ဗမာလို ပြောရင် "အကောင်းစား" လို့ပြောရမလားဘဲ။ subprime ဆိုတဲ့ သိပ်မကောင်းတဲ့ (သိပ်ပြီး မယုံကြည်၊ စိတ်မချရတဲ့) ငွေချေးသူပေါ့။ တနည်းပြောရင်တော့ အကြွေးပြန်ဆပ်ဖို့ဆိုတာ သိပ်မသေချာတဲ့သူတွေမှန်း သိသိကြီးနဲ့ ငွေချေးတာပါဘဲ။
လက်ထဲမှာရှိတဲ့ ဒေါ်လာ ၂ သောင်းနဲ့ ၇ သိန်းတန်အိမ်ကိုဝယ်တဲ့အကြောင်းဆက်ပြောပါမယ်။ ၂ သောင်းဆိုတော့ အချပေးငွေ ၅% တောင်မရှိဘူးပေါ့။ ဒါကိုသိတဲ့ဘဏ်တွေက အဆင်ပြေအောင်လုပ်ပေးပါတယ်။ အကြောင်းတစ်ခုပြပြီး အိမ်ဝယ်သူကို ၅ သောင်း ပထမထုတ်ချေးလိုက်ပါတယ်။ စုစုပေါင်း ၇ သောင်းဆိုတော့ အချပေးငွေ ၁၀% ရှိသွားပြီပေါ့။ (no document loan) ဥပဒေအရ အိမ်ဝယ်သူ ပိုက်ဆံဘယ်က ရလာတယ်ဆိုတာ မစစ်ဆေးတော့ဘဲ ကျန်တဲ့ ၆ သိန်း ၃ သောင်းကို ချေးပေးလိုက်တာပေါ့။ ၀င်ငွေကလဲ တစ်လမှ ၃၀၀၀ ရှိတာဆိုတော့ "အတိုးကိုသာပေးသောချေးငွေ (interest only)" ကိုဘဲရွေးလိုက်တာပေါ့။
ပထမ ၃ နှစ်အတွင်းမှာ အိမ်ထဲကိုငွေမ၀င်လဲ အရေးမကြီးဘူးလေ။ အိမ်ဈေးက ဆက်တက်နေမှာဘဲ။ အိမ်ကြီးအိမ်ကောင်းမှာ ၁ နှစ် ၂ နှစ်နေ၊ ဈေးတက်ရင်ရောင်း အမြန်သဌေးဖြစ်တဲ့နည်းပေါ့။
--------
အထက်မှာပြောခဲ့တဲ့နည်းနဲ့ ချမ်းသာသွားကြသူတွေလဲ မနည်းပါဘူး။ ၂၀၀၇ လောက်အထိပေါ့။ ၂၀၀၇ နှစ်ဆန်းလောက်ကစပြီး အိမ်ဈေးတွေ ကျဆင်းလာပါတယ်။ အိမ်ကိုမြတ်ရင် ရောင်းမယ်ဆိုပြီး ၀ယ်ထားတဲ့သူတွေလဲ - အိမ်ဈေးကျတော့ဘဏ်ကိုဆက်ပြီး အကြွေးမဆပ်တော့ဘူးပေါ့။ ဒီလိုလူတွေအများကြီးကို ပိုက်ဆံချေးထားတဲ့ဘဏ်တွေလည်း မျက်ဖြူစိုက်ချိန်ရောက်ပြီလေ။
ဆက်ရေးသွားပါဦးမယ် -
စီးပွားပျက်ကပ် ၂.၀ ဖြစ်မှာလား (၁)?
အမေရိကမှာ ၁၉၂၉ ခုနှစ်မှာစီးပွားပျက်ကပ်ဖြစ်ခဲ့ပါတယ်။
၁၉၂၉ အောက်တိုဘာလ ၂၄ ရက်နေ့ကို "အမဲရောင်ကြာသာပတေးနေ့" လို့ခေါ်ခဲ့ပါတယ်။ အဲဒိတစ်ရက်ထဲမှာ ဒေါင်းဂျုံးစတော့ ၂% ကြဆင်းခဲ့ပါတယ်။ ပြသနာ အစနေ့ပေါ့။
၁၉၂၉ အောက်တိုဘာလ ၂၈ ရက်နေ့ကို "အမဲရောင်တင်္နလာနေ့" လို့ခေါ်ခဲ့ပါတယ်။ အဲဒိနေ့မှာ ဒေါင်ဂျုံးစတော့ ၁၃% ကျသွားခဲ့ပါတယ်။
နောက်တနေ့ ၁၉၂၉ အောက်တိုဘာလ ၂၉ ရက်နေ့မှာ နောက်ထပ် ဒေါင်းဂျုံးစတော့ ၁၂% ထပ်ကျခဲ့ပါတယ်။
အဲဒီ ၃ ရက်ကစခဲ့တာ ၁၉၃၂ ခုနှစ်အထိနလံမထူခဲ့ပါဘူး။ ၁၉၃၂ ခုနှစ်ဇူလိုင်လရောက်တော့ ဒေါင်းဂျုံးစတော့ဟာ ၁၉၂၉ ခုနှစ်နဲ့ ယှဉ်ကြည့်ရင် ၈၉% ကျသွားခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်မှာ ဒေါင်းဂျုံးစတော့ ဒေါ်လာ ၁၀၀ ဖိုးဝယ်ခဲ့တဲ့သူဟာ ၁၉၃၂ ခုနှစ်မှာ ၁၁ ဒေါ်လာဘဲကျန်တော့တာပေါ့။ အဲဒီသူ ဒေါ်လာ ၁၀၀ ပြန်ဖြစ်ဖို့ နောက်ထပ် ၂၂ နှစ်စောင့်ခဲ့ရပါတယ်။
ဒေါင်းဂျုံးစတော့ဟာ ၁၉၂၉ ခုနှစ်တန်ဖိုးကို ၁၉၅၄ ခုနှစ်ကျမှ ပြန်ရောက်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဒေါင်းဂျုံးစတော့ဟာ သမိုင်းမှာအမြင့်ဆုံး ၁၄၀၉၁ ကိုရောက်ခဲ့ပါတယ်။ တစ်နှစ်ပြည့်ခါနည်း ဒီနေ့ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဒေါင်းဂျုံးစတော့တန်ဖိုး ၉၄၄၇ ရှိနေပါပြီ။ ၃၂% ကျဆင်းခဲ့တာဖြစ်ပြီး တော်တော်နဲ့ ပြန်နလံထူမဲ့အလားအလာမရှိသေးပါဘူး။
အမေရိကန် ဗဟိုအစိုးရ၊ ကွန်ဂရက်၊ ဗဟိုဘဏ်တို့လမ်း ကြိုးစားပြီးဖြေရှင်းနေကြပါတယ်။ အမေရိက ကနေစလိုက်တဲ့ပြသနာဟာ ဥရောပနိုင်ငံတွေကဘဏ်စနစ်ကိုပါထိခိုက်နေပြီး၊ အာရှနိုင်ငံများကဘဏ်တွေကိုလည်း စတင်ထိခိုက်နေပြီဖြစ်ပါတယ်။
လောလောဆယ်တော့ ရောဂါနဲ့ ဆေးနဲ့ မတည့်သေးဘူးလို့ပြောရပါမယ်။
တချို့လည်းသေလုမျောပါးပေါ့။ (ဥပမာ - အာမခံကုမ္ပဏီ AIG)
သေတဲ့လူနာတချို့လည်းသေကုန်ကြပြီပေါ့။ (ဥပမာ - အကျွေးပျက်စာရင်းဝင်ပြီး ကုမ္ပဏီပျက်သွားတဲ့ Lehman Brothers)
Monday, October 6, 2008
ဘယ် Routing Protocol ကိုသုံးကြမလဲ (၂)
IP Routing Protocol ရဲ့အဓိကတာတာဝန်တစ်ခုကတော့ Packet တစ်ခုကို တစ်နေရာက တစ်နေရာဆီ အမြန်ဆုံးရောက်အောင် ပို့ပေးနိုင်တဲ့လမ်းကြောင်းကို တွက်ချက်ဖို့ဖြစ်ပါတယ်။
Routing Protocol တစ်ခုနဲ့တစ်ခု ကွာခြားတဲ့အချက်တွေထဲမှာ "အကောင်းဆုံးလမ်းကြောင်း" ဆိုတာကို ဘယ်လိုတိုင်းတာတွက်ချက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ "အနီးဆုံးလမ်းကြောင်း" ဖြစ်ရင် "အကောင်းဆုံးလမ်းကြောင်း" ဖြစ်မယ်လို့ ယူဆတဲ့ Routing Protocol တွေလဲရှိပါတယ်။ Network ကိုထိန်းချုပ်တဲ့သူက လိုသလို "အကောင်းဆုံးလမ်းကြောင်း" ဆိုတာကို သတ်မှတ်ခွင့်ပေးတဲ့ Routing Protocol တွေလည်းရှိပါတယ်။
RIP (Routing Information Protocol)
ကြားထဲမှာခံထားတဲ့ Router အရေအတွက်နည်းရင် "အနီးဆုံးလမ်းကြောင်း" ဖြစ်လို့ "အကောင်းဆုံးလမ်းကြောင်း" ဖြစ်ရမယ်လို့ ယူဆထားတဲ့ Routing Protocol ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ရေးခဲ့တဲ့ (RFC 1058) မှာ RIP ရဲ့အလုပ်လုပ်ပုံကို အသေးစိတ်လေ့လာနိုင်ပါတယ်။ တကယ်တန်းတော့ RIP ကို ၁၉၇၀ ခုနှစ်အစောပိုင်းလောက်မှာထဲက စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးက အခြားတစ်လုံးကို သွားနိုင်တဲ့လမ်း ၂ လမ်းရှိတဲ့ ဥပမာတစ်ခုကို စဉ်းစားကြည့်ရအောင်။ ပထမလမ်းက Router ၃ လုံးကိုဖြတ်သွားရပြီး၊ ဒုတိယလမ်းက Router ၂ လုံးကိုဖြတ်သွားရတယ် ဆိုပါစို့။ RIP ကိုအသုံးပြုတဲ့ Network တစ်ခုမှာ ဒုတိယလမ်းက "အနီးဆုံး" ဖြစ်လို့ "အကောင်းဆုံး" ဖြစ်တယ်လို့ တွက်ချက်ပြီး ဒုတိယလမ်းကို အသုံးပြုမှာဖြစ်ပါတယ်။
ဒီဥပမာကိုဘဲ ဆက်စဉ်းစားကြည့်ရအောင်။ ပထမလမ်းက Router ၃ လုံးကိုချိတ်ထားတဲ့ ကြိုးတွေက ၁၀၀ Mbps စီရှိပြီး၊ ဒုတိယလမ်းက Router ၂ လုံးကိုချိတ်ထားတဲ့ ကြိုးတွေက ၁ Mbps စီရှိတယ်ဆိုပါစို့။ RIP အနေနဲ့ Bandwidth ဘယ်လောက်ရှိတာကို ထည့်မစဉ်းစားတဲ့အတွက်ကြောင့် ပထမလမ်းကလက်တွေ့မှာ "အကောင်းဆုံးလမ်းကြောင်း" ဖြစ်ပေမယ့် - ဒုတိယလမ်းကိုဘဲ ရွေးချယ်အသုံးပြုမှာဖြစ်ပါတယ်။
OSPF (Open Shortest Path First)
RIP ရဲ့အားနည်းချက်တွေကို လက်တွေ့သိလာခဲ့ပြီးနောက်ပိုင်း ပိုကောင်းတဲ့ Routing Protocol တွေကိုတည်ထွင်ခဲ့ကြရာမှာ OSPF လည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ OSPF မှာ "တန်ဖိုးအနည်းဆုံးလမ်းကြောင်း" ဟာ "အကောင်းဆုံးလမ်းကြောင်း" ဖြစ်တယ်လို့ ယူဆတွက်ချက်ပါတယ်။ OSPF မှာ Router တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပေးတဲ့ကြိုးတွေကို တန်ဖိုးတစ်ခုစီ ပေးထားပါတယ်။ အဲဒီတန်ဖိုးကတော့ ချိန်ဆက်ပေးတဲ့ကြိုးရဲ့ အမြန်နှုံးပေါ်မူတည်ပြီးတွက်ချက်ပါတယ်။ ဒီတန်ဖိုးကိုတွက်နည်းကတော့
(ကြိုးရဲ့တန်ဖိုး (link cost) = ၁၀၀ Mbps / ကြိုးရဲ့အမြန်နှုန်း (link bandwidth)) ဖြစ်ပါတယ်။
၁၀၀ Mbps ကိုစံထားအမြန်ဆုံး လို့ယူဆတာဖြစ်ပါတယ်။
၁၀၀ Mbps အီသာနက်ရဲ့ တန်ဖိုးက - ၁၀၀ Mbps / ၁၀၀ Mbps = ၁
၁၀ Mbps အီသာနက်ရဲ့ တန်ဖိုးက - ၁၀၀ Mbps / ၁၀ Mbps = ၁၀
၁.၅၄ Mbps T1 ရဲ့တန်ဖိုးက - ၁၀၀ Mbps / ၁.၅၄ Mbps = ၆၄
(ဒသမ ဂဏန်းကို ထဲ့မတွက်ပါဘူး)
OSPF ကို ၁၉၉၈ ခုနှစ်မှာ ရေးခဲ့တဲ့ (RFC 2328) မှာအသေးစိတ်လေ့လာနိုင်ပါတယ်။ RIP လိုပါဘဲ ၁၉၉၈ ခုနှစ်မတိုင်ခင်ကတည်းက OSPF ကိုစတင်အသုံးပြုခဲ့ပါတယ်။
OSPF မှာ မကြာခဏကြုံရတဲ့ပြသနာကတော့ ၁၀၀ Mbps ထက်ပိုမြန်တဲ့ လမ်းကြောင်းရှိနေခဲ့ရင် OSPF က ပိုမြန်တယ်လို့မသိတာပါဘဲ။ အထက်မှာဖေါ်ပြခဲ့တဲ့ တွက်နည်းကိုကြည့်ရင် ၁ Gbps အမြန်နှုံးရှိတဲ့ ကြိုးကိုလည်း OSPF က တန်ဖိုး ၁ လို့တွက်ချက်မှာဖြစ်ပါတယ်။ ဒီပြသနာကိုဖြေရှင်းချင်ရင်တော့ အထက်ကတွက်နည်းမှာ တည်ကိန်းကို ၁၀၀ Mbps ထက်ကြီးတဲ့တန်ဖိုးတစ်ခုနဲ့အစားထိုးတွက်ရမှာ ဖြစ်ပါတယ်။
Cisco IOS မှာ
ospf auto-cost reference-bandwidth [၁၀၀ Mbps ထက်ကြီးသောတန်ဖိုးတစ်ခု]
Juniper JUNOS မှာ
reference-bandwidth [၁၀၀ Mbps ထက်ကြီးသောတန်ဖိုးတစ်ခု]
ဆိုပြီးပြင်လို့ရပါတယ်။
OSPF ကိုသုံးတဲ့ Network တစ်ခုမှာ ကြားထဲမှရှိတဲ့ ကြိုးတွေရဲ့ တန်ဖိုးစုစုပေါင်းအနည်းဆုံးဖြစ်ရင် "အကောင်းဆုံးလမ်းကြောင်း" ဖြစ်တယ်လို့ယူဆမှာဖြစ်ပါတယ်။ RIP မှာပေးခဲတဲ့ဥပမာကို ပြန်သုံးရရင် ပထမလမ်းကြောင်းက တန်ဖိုး ၃၀ (၁၀ + ၁၀ + ၁၀) ဖြစ်ပြီး၊ ဒုတယလမ်းကြောင်းက တန်ဖိုး ၂၀၀ (၁၀၀ + ၁၀၀) ဖြစ်တာကြောင့် ပထမလမ်းကြောင်းကို "အကောင်းဆုံးလမ်းကြောင်း" အဖြစ်ဆုံးဖြတ်ပြီး သုံးစွဲမှာဖြစ်ပါတယ်။
IS-IS (Intermediate System to Intermediate System)
OSPF နဲ့တပြိုင်ထဲလိုတီထွင်ခဲ့တာဖြစ်ပြီး (RFC 1142) မှာအသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။ IS-IS ကို (အိုက်စ် အစ်စ်) လို့အသံထွက်ကြပါတယ်။ IS-IS က OSPF အလုပ်လုပ်ပုံနဲ့ တော်တော်များများတူပါတယ်။ ဥပမာ Link State ကိုသုံးတာတို့၊ Dijkstra ရဲ့ SPF Algorithm ကိုသုံးတာတို့ပေါ့။ ဒါပေမယ့် OSPF လို bandwidth အခြေခဲ့တဲ့ နည်းကို ကိုမသုံးဘဲ လူကိုယ်တိုင်ပြင်ခွင့်ရှိတဲ့ metric ကိုသုံးပါတယ်။ IS-IS router ရဲ့ default metric ကတော့ ၁၀ ဖြစ်ပါတယ်။ OSPF က IP Routing အတွက်တီထွင်ခဲ့တာဖြစ်ပြီး IS-IS ကတော့ IP အတွက်သာမက အခြား layer-3 protocol တွေမှာပါ အသုံးပြုနိုင်အောင်တီထွင်ခဲ့တာဖြစ်ပါတယ်။
OSPF နဲ့ IS-IS သမိုင်းတပိုင်းတစ
OSPF ကို အမေရိကက အဖွဲ့အစည်းဖြစ်တဲ့ IETF (Internet Engineering Task Force) ကဦးဆောင်တည်ထွင်ခဲ့တာဖြစ်ပြီး၊ IS-IS ကို ဥရောပက အဖွဲ့အစည်းဖြစ်တဲ့ ISO (International Standard Organization) ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။ အမေရိကကလူတွေက မြန်မြန်အကောင်အထည်ဖေါ်ဖို့၊ လက်တွေ့အသုံးတည့်ဖို့ လုပ်ချင်ကသူများပြီး ၊ ဥရောပကလူတွေက ပြီးပြည့်စုံဖို့၊ အဖွဲ့အစည်းပေါင်းစုံက လူပေါင်းစုံသဘောတူဖို့ဖြစ်ချင်ကြသူတွေ များပါတယ်။ Networking ကိုလေ့လာသူတိုင်း IETF ရဲ့ TCP/IP လေးလွှာစံနစ်နဲ့၊ ISO ရဲ့ OSI ခုနှစ်လွှာစံနစ်ကွာတာကို သတိပြုမိကြမှာပါ။ ဥရောပက လူတွေ IS-IS ကိုမပြီးနိုင် မစီးနိုင်ရေးနေတာကို မစောင့်နိုင်တဲ့အတွက် IETF ကလူတွေက လက်တွေ့မြန်မြန်အသုံးပြုနိုင်မဲ့ OSPF ကိုရေးခဲ့ကြတာပါ။ IETF နဲ့ OSI တို့အဲဒီအချိန်ကမကြာခဏ အငြင်းပွားကြပါတယ်။
၁၉၉၂ IETF ဆွေးနွေးပွဲမှာ MIT က Professor David D. Clark က ISO နဲ့ IETF ရဲ့ကွာခြားပုံကို ဒီလိုရေးခဲ့ပါတယ်။
We reject: kings, presidents and voting.
We believe in: rough consensus and running code
EIGRP (Enhanced Interior Gateway Protocol)
Cisco က စတန်းဖို့ သုတေသနက ရေးသားခဲ့တဲ့ Dual (Diffused Update Algorithm) ကိုအခြေခံပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။ Cisco မူပိုင်ဖြစ်တာကြောင့် Cisco ကထုတ်လုပ်တဲ့ Router တွေမှာသာအတွေ့ရများပါတယ်။ အခြား Router ထုတ်လုပ်သူက EIGRP ကို သူတို့ Router မှာပါချင်ရင် Cisco ကို ပိုက်ဆံပေးရတာပေါ့။ EIGRP မှာတော့ "အကောင်းဆုံးလမ်းကြောင်း" ကိုတွက်ဖို့အတွက် ကြိုးရဲ့အမြန်နှုန်း (bandwidth) နဲ့ ကြိုးပေါ်မှာကြာတဲ့အချိန် (delay) တွေကိုသုံးပြီး ဖေါ်မျူတာ တစ်ခုမှာ တွက်ချက်ပါတယ်။ အဲလိုတွက်ချက်လို့ရလာတဲ့ တန်ဖိုးကို composite metric လို့ခေါ်ပါတယ်။
အဲဒါအပြင် ကြိုးဘယ်လောက်အလုပ်ရှုပ်နေသလဲ (load)၊ ကြိုးကဘယ်လောက်စိတ်ချရသလဲ (reliability) နဲ့ ကြိုးပေါ်မှာသယ်နိုင်တဲ့ frame ရဲ့အရွယ်အစား (MTU - Maximum Transfer Unit) တို့ကိုပါ လိုအပ်ရင် ဖေါ်မျူလာမှာ ထဲ့တွက်လို့ရပါတယ်။
EIGRP တွက်ချက်ပုံကို ဒီမှာ လေ့လာနိုင်ပါတယ်။
တစ်ခုပြောချင်တာကတော့ - OSPF မှာ အမြန်နှုံး (bandwidth) ကရလာတဲ့တန်ဖိုးတွေရဲ့ စုစုပေါင်းရလာဒ်ပေါ်မှာ အခြေခံပြီး "အကောင်းဆုံးလမ်းကြောင်း" ကိုဆုံးဖြတ်တာဖြစ်ပြီး ၊ EIGRP မှာ အကြီးဆုံးအမြန်နှုံး (highest bandwidth) နဲ့ အငယ်ဆုံးကြာတဲ့အချိန် (lowest delay) ကိုသာယူပြီးတွက်ချက်တာဖြစ်ပါတယ်။
Sunday, September 28, 2008
ဘယ် Routing Protocol ကိုသုံးကြမလဲ (၁)
IP Network တစ်ခုမှာ သုံးလို့ရတဲ့ Routing Protocol တွေကိုလက်ချိုးရေလို့ရပါတယ်။ ဘယ်နည်းလမ်းကိုသုံးမယ်လို့ ရွေးတဲ့အခါမှာ စဉ်းစားရမယ့်အချက်တွေကိုဆွေးနွေးသွားပါမယ်။
ဈေးကွက်မှာဝယ်လို့ရတဲ့ Router တစ်ခုမှာ အသုံးပြုလို့ရတဲ့ Routing Protocol တွေကတော့
၁၊ Static Route
၂၊ RIP (version 1 and 2)
၃၊ OSPF
၎၊ IS-IS
၅၊ BGP
၆၊ IGRP *
၇၊ EIGRP *
(* IGRP နဲ့ EIGRP တို့ဟာ Cisco ကစတင်တီထွင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် Cisco ထုတ်လုပ်တဲ့ Router မှာသာ ပါလေ့ရှိပါတယ်။)
၁၊ ဘယ်နေရာမှာသုံးမှာလဲ
၁.၁ အင်တာနက်လုပ်ငန်းများ
အင်တာနက်ပေါ်မှာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ဆိုရင် BGP ကိုမသုံးမဖြစ်သုံးသင့်ပါတယ်။ အင်တာနက်နဲ့အဆက်အသွယ်ပြတ်သွားရင် လုပ်ငန်းရပ်ဆိုင်းသွားမှာဖြစ်တဲ့အတွက်ကြောင့် ISP အနည်းဆုံး ၂ ဦးနဲ့ ချိတ်ဆက်ဖို့လိုပါတယ်။
ISP များနဲ့ချိတ်ဆက်ပြီးရင် ကိုယ့်ရဲ့လုပ်ငန်း ကို အင်တာနက်ကနေဆက်သွယ်သုံးစွဲသူတွေကို ဘယ် ISP ကတဆင့်ဝင် ရောက်ဆက်သွယ်ဖို့ ထိန်းချုပ်နိုင်တာ BGP တစ်ခုဘဲရှိပါတယ်။
ဥပမာ - ISP ၂ ခုရှိတယ်ဆိုပါစို့။
ISP ၁ ကိုအမြဲတမ်းသုံးနေပြီး ၊ အကြောင်း တစ်ခုကြောင့် ISP ၁ ကိုဆက်သွယ်လို့မရဘူးဆိုမှ ISP ၂ ကိုပြောင်းသုံးမယ်ပေါ့။ ဒါကို active-standby လို့ခေါ်လေ့ရှိပါတယ်။
အခြားတနည်းကတော့ ISP နှစ်ခုလုံးကို တပြိုင်နက်သုံးတာပေါ့။ ISP ၁ နဲ့နီးတဲ့ သုံးစွဲသူတွေက ISP ၁ က၀င်လာမှာဖြစ်ပြီး၊ ISP ၂ နဲ့နီးတဲ့ သုံးစွဲသူတွေက ISP ၂ က၀င်လာမှာဖြစ်ပါတယ်။ ဒါကို active-active (သို့မဟုတ်) load-balanced လို့ခေါ်လေ့ရှိပါတယ်။
ဒုတိယနည်းကပိုကောင်းပေမယ့် ပိုဈေးကြီးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ISP တွေက အသုံးပြုတဲ့ bandwidth ပေါ်မူတည်ပြီး ပိုက်ဆံတောင်းလေ့ရှိလို့ပါ။
၁.၂ ISP (Internet Service Providers) နဲ့ IX (Internet Exchanges)
ISP နဲ့ IX တွေမှာဆိုရင်တော့ သေချာပေါက် BGP ကိုအသုံးပြုဖို့လိုပါတယ်။ BGP အပြင် ISP ရဲ့အထဲမှာ အခြား Routing Protocol တစ်ခုကိုအသုံးပြုဖို့လဲလိုပါတယ်။ ကျွန်တော်သိသလောက်တော့ IS-IS, OSPF တို့ဟာ အသုံးအများဆုံးဖြစ်ပါတယ်။
၁.၃ Customer DMZ and Extranets
ဘဏ်လုပ်ငန်းတွေနဲ့ စတော့ဒိုင်လုပ်ငန်း တွေမှာအများဆုံးတွေ့ရပါတယ်။ လုပ်ငန်းပေါင်းစုံနဲ့ဆက်သွယ်တဲ့နေရာဖြစ်တာကြောင့် Routing Protocol မျိုးစုံကိုတွေ့ရပါလိမ့်မယ်။ အထက်မှာဖေါ်ပြထားတဲ့ ၇ မျိုးလုံးကိုတွေ့ရမှာ ဖြစ်ပါတယ်။
၂၊ လောလောဆယ် ဖွဲ့စည်းပုံနဲ့ နောက်ဖြစ်လာနိုင်မဲ့ဖွဲ့စည်းပုံ
Topology ပေါ်မူတည်ပြီးစဉ်းစားရမှာကို ဆွေးနွေးသွားပါမယ်။
Router ဆိုတာ ကွန်ပျူတာလိုဘဲ့ memory, CPU, OS တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မှတ်ရတာတွေများရင်၊ တွက်ချက်ရတာတွေများရင် နှေးသွားမှာပါဘဲ။ Router မှာ မှတ်ရ ၊ တွက်ရတာကတော့ Route တွေနဲ့ Packet တွေဖြစ်ပါတယ်။ တတ်နိုင်သလောက် Router မှာမလိုအပ်တဲ့ Route တွေမှတ်မထားရအောင် ပြင်ဆင်ဖို့က Network Engineer ရဲ့တာဝန်ဖြစ်ပါတယ်။
ဥပမာ -
Router စုစုပေါင်း ၁၀၀ ရှိပြီး၊ Router တစ်ခုတိုင်းမှာ Route ၁၀၀ ရှိတယ်ဆိုပါစို့။ Routing Protocol တစ်ခုကိုသုံးပြီး Router တွေကိုချိတ်ဆက်ပြီးတဲ့အခါ Router တိုင်းမှာ Route ၁ သောင်းစီရှိသွားပါလိမ့်မယ်။
တကယ်လို့ Routing Protocol က Router တွေကို အုပ်စုဖွဲ့ခွင့်ပေးပြီး၊ Router တွေကိုလည်း ပေါင်းချုပ်ခွင့်ပေးတယ်ဆိုပါစို့။ Router ၁၀၀ ကို ၊ Router ၁၀ ခုစီပါတဲ့ အုပ်စု ၁၀ စုခွဲလိုက်ပြီး အုပ်စုတစ်ခုနဲ့တစ်ခုကြားမှာ ပေါင်းချုပ်ထားတဲ့ Route တွေကိုဘဲ ဖလှယ်ကြမယ်ပေါ့။ ဒီလိုပြင်လိုက်တဲ့အခါမှာ Router တိုင်းမှာ Router ၁ ထောင်စီဘဲရှိတော့မှဖြစ်ပါတယ်။ memory ၁၀ ဆ သက်သာသွားတာပေါ့။ Route တွေနဲသွားတော့ CPU က Routing Table မှာရှာတဲ့အခါလည်း ပိုမြန်သွားပါမယ်။
ဒီလိုအဆင့်ခွဲ၊ အုပ်စုခွဲတာကို Hiearchial Routing လို့ခေါ်ပါတယ်။ OSPF နဲ့ IS-IS မှာ Area ခွဲတဲ့နည်းကိုသုံးပြီး အုပ်စုခွဲနိုင်ပါတယ်။
Route တွေပေါင်းချုပ်တာကိုတော့ route summarization လို့ခေါ်ပါတယ်။ OSPF, IS-IS, EIGRP, BGP အားလုံးမှာ route ပေါင်းချုပ်တာကို သုံးနိုင်ပေမယ့် အသုံးပြုပုံခြင်းကွာပါတယ်။ OSPF မှာ Route ပေါင်းချုပ်တာကို မတူတဲ့ area ၂ ခုကို ဆက်သွယ်ပေးတဲ့ Router (ABR - Area Border Router) မှာသာသုံးလို့ရပြီး ၊ EIGRP မှာတော့ ကြိုက်တဲ့နေရာမှာ Router ပေါင်းချုပ်တာကို သုံးနိုင်ပါတယ်။
ဒီလို hiearchial routing လုပ်နိုင်ဖို့၊ route summarization လုပ်နိုင်ဖို့ သေချာကြိုတင်ပြင်ဆင်ရပါမယ်။ Network တစ်ခုမှာ Router အသစ်တစ်ခု၊ Switch အသစ်တစ်ခု တပ်ဆင်တဲ့အခါ ထင်ရာမြင်ရာ port တင်ခုမှာ ချိတ်လိုက်ရင် hiearchial routing လုပ်ဖို့မဖြစ်နိုင်သလို၊ ထင်ရာမြင်ရာ IP address ပေးလိုက်မယ်ဆိုရင် route summarization လုပ်ဖို့မဖြစ်နိုင်ပါဘူး။
အပြားလိုက် (flat)၊ ကွင်း (ring) ပုံစံဖြစ်နေတဲ့ Network မှာ hiearchial routing နည်းလမ်းသုံးဖို့မလွယ်ပါဘူး။
ဆက်ရေးသွားပါမယ် -