Sunday, November 16, 2008

၂၀၀၈ ရုံးပိတ်ရက်ခရီး (၁)


ရုံးကရတဲ့ခွင့်ရက်တွေကို နှစ်မကုန်ခင်ကုန်အောင်သုံးရင်သုံး၊ မသုံးရင်ဆုံးမယ်ဆိုတာကြောင့် အရင်တစ်ပတ်က ခွင့်ယူပြီး ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ကြိုတင်မစီစဉ်ခဲ့ပေမယ် တော်တော်အဆင်ပြေခဲ့ပါတယ်။
၅ ရက်အတွင်းမှာ မိုင် ၁ ထောင်ကျော်လောက်ကားမောင်းပြီး (*) ၊ ၁၀ မိုင် ကျော်လောက် တောလမ်းတွေမှာ လမ်းရှောက်ဖြစ်ခဲ့ပါတယ်။

- နိုဝင်ဘာ ၁၀ ရက် ၊ ၂၀၀၈ (တင်္နလာနေ့) - ဆန်ဖရန်စစ်စကို

Delta လေကြောင်းလိုင်းနဲ့ နယူးယောက်ကနေ မနက် ၈ နာရီကထွက်ခဲ့တာ ဆန်ဖရစ်ဆစ်စကို ကို နေ့လည် ၂ နာရီလောက် မှာရောက်ပါတယ်။ ဆန်ဖရင်လေယာဉ်ကွင်းနဲ့ သိပ်မဝေလှတဲ့ ဒေလီစီတီးက ဗမာစားသောက်ဆိုင်မှာ ကြေးအိုးပြုတ်၊ ၀က်အူသုပ်နဲ့ ဖက်ထုပ်ကြော်တို့ ၀င်စားခဲ့ပါတယ်။ နယူးယောက်မှာ ဒီလိုဆိုင်မျိုးရှိတယ်လို့မကြားမိပါဘူး။
စားပြီးတော့ ဆန်ဖရန်မြို့အနောက်စွန်မှာရှိတဲ့ Sutro Heights Park ကို ခဏသွားလည်ပြီး လမ်းနည်းနည်းရှောက်ခဲ့ပါတယ်။

- နိုဝင်ဘာ ၁၁ ရက် ၊ ၂၀၀၈ (အင်္ဂါနေ့) - ဆီကိုးရှားဥယာဉ် / ကင်းကင်ညွန်ဥယာဉ်

Sequoia National Park ဟာ ကာလီဖိုးနီးယားပြည်နယ် အလယ်ပိုင်းလောက်မှာ ရှိပါတယ်။ Los Angeles ရဲ့ မြောက်ဘက်၊ San Francisco ရဲ့တောင်ဘက်မှာဖြစ်ပါတယ်။ ကျွန်တော့အကိုနေတဲ့ မြို့ကနေ ၄ နာရီကျော် ကားမောင်းသွားရပါတယ်။

ဆီကိုးရှားဥယာဉ်က ဧက ၄ သိန်းကျော်ကျယ်ပါတယ်။ ဒီဥယာဉ်က ရေမျက်နှာပြင်အထက် ပေ ၁၃၀၀ ကနေ ပေ ၁၄၀၀၀ ကျော်အထိရှိပါတယ်။ ဥယာဉ်ထဲမှာရှိတဲ့ Mount Whitney တောင်က ပေ ၁၄၅၀၅ ပေရှိပြီး အမေရိကမှာ အမြင့်ဆုံး တောင်လို့ဆိုပါတယ်။
ကမ္ဘာမှာ အကြီးဆုံးသစ်ပင် German Sherman Tree အဲဒီဥယာဉ်ထဲ မှာရှိပါတယ်။ ဒီသစ်ပင်ရဲ့သက်တမ်းက အနှစ် ၂၅၀၀ လောက်ရှိမယ်လို့ခန့်မှန်းကြပြီး ၂၇၅ ပေ မြင့်ပါတယ်။


ကမ္ဘာ့အကြီးဆုံးသစ်ပင်



ကမ္ဘာ့အကြီးဆုံးသစ်ပင် ရဲ့ခြေရင်း


King Canyon National Park က ဆီကိုးရှားဥယာဉ်နဲ့တဆက်ထဲဖြစ်ပြီး ဧက ၄ သိန်း ၆ သောင်းကျောက်ကျယ်ပါတယ်။ ဆီကိုးရှားဥယာဉ်မှာ သစ်ပင်အကြီးကြီးတွေ အများကြီးရှိပြီး၊ အများကြီးပိုအေးပါတယ်။ ကျွန်တော်တို့ရောက်တဲ့ နေ့က နှင်းတွေ ကျနေပါတယ်။ တဆက်တည်းရှိတဲ့ ကင်းကင်ညွန်ဥယာဉ်မှာတော့ ရာသီဥတုအများကြီးပိုနွေးပြီး၊ သစ်ပင်တွေက ဆီကိုးရှားဥယာဉ်ထဲကလို မကြီးပါဘူး။ ကင်းကင်ညွန်ဥယာဉ်မှာ ကျောက်တောင်အမြင့်ကြီးတွေကြားထဲက မျက်ခင်းစိမ်းစိမ်းစိုစိုတွေ၊ ကျောက်စရစ်ခဲတွေနဲ့စမ်းချောင်းတွေ၊ မြစ်နဲ့ ရေတံခွန်တွေက တော်တော်ကို လှပါတယ်။ ကင်းကင်ညွန်ဥယာဉ်ထဲက ၁ မိုင်ခွဲရှိတဲ့ Zumwalt Meadow ဆိုတဲ့ မြေတတန်၊ ကျောက်တတန် တောလမ်းကို လမ်းရှောက်ကြည့်ခဲ့ပါတယ်။

ကျွန်တော့အစ်ကိုရဲ့မိတ်ဆွေ ဒေါက်တာကိုတင်လွင် ချက်ပြီးယူလာတဲ့ ကောက်ညှင်းငချိပ်ပေါင်း၊ ငါးရန့်ချောက်ကင်၊ အုံးသီးချစ် နဲ့ နှမ်းထောင်း ကတော့ အဲဒီခရီးမှာ အင်မတန်ကောင်းတဲ့ နေ့လည်စာဖြစ်ပါတယ်။


Zumwalt Meadow



My Brother - Zumwalt Meadow



Zumwalt Meadow



Zumwalt Meadow


(*) my brother did all the driving :)

Post a Comment