Monday, September 8, 2008

2008 US Open Diary - Sept 7 : The Finale



The Empire Strikes Back !


Congratulations Roger Federer !!!



Federer လွယ်လွယ်ကူကူ ၃ ပွဲပြတ်နဲ့ Murray ကိုအနိုင်ရသွားပါတယ်။ ဒုတိယ Set မှာ စည်းကြပ်ဒိုင်လူကြီးရဲ့အမှားကို Murray က Challenge မလုပ်တဲ့အတွက် သူရသင့်တဲ့ Game တစ်ခုကို မရလိုက်ပါဘူး။ အဲဒီ တစ်ချိန်ကလွဲလို့ တစ်ပွဲလုံးလိုလို Federer က အသာစီးနဲ့ကစားသွားပါတယ်။ Federer ရဲ့ စိတ်ကြိုက်ကစားကွက်ဖြစ်တဲ့ forehand က စိတ်မချရတာ တစ်နှစ်လုံးလိုလိုပါ။ ဒီနေ့ ဖိုင်နယ်ပွဲမှာတော့ အရေးကြီးတဲ့ အမှတ်တိုင်းမှာ Federer ရဲ့ forehand အမှားမရှိသလောက်ပါဘဲ။

၂၀၀၈ ခုနှစ် US Open ဟာ Federer အနေနဲ့ ၁၃ ခုမြောက် Grand Slam ချန်ပီယံဆုဖြစ်ပြီး၊ US Open ကို ၅ နှစ်ဆက်တိုက်အနိုင်ရတာဖြစ်ပါတယ်။ တင်းနစ်သမိုင်းမှာ US Open ကို ၅ နှစ်ဆက်တိုက် နိုင်ခဲ့ဘူးသူ တစ်ယောက်မှမရှိပါဘူး။ Grand Slam အများဆုံးနိုင်တဲ့စံချိန်ချိုးထားသူကတော့ အမေရိကန် Pete Sampras ဖြစ်ပြီး စုစုပေါင်း ၁၄ ခုနိုင်ထားဘူးပါတယ်။ Federer အသက် ၂၇ နှစ်ရှိပြီဖြစ်တာကြောင့် တင်းနစ်လောကမှာ လူအိုစာရင်းထဲဝင်စပြုနေပါပြီ။ Grand Slam ကို အများဆုံးနိုင်ကြတဲ့အရွယ်က ၂၁ နှစ်နဲ့ ၂၆ နှစ်ကြားထဲဖြစ်ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာ Federer ကို "၁၃ ဆိုတဲ့နံပါတ်နဲ့ပတ်သက်ပြီး အယူသီးသလား" လို့မေးတာ့ “I’m not going to stop at 13 am I? That would be terrible.” လို့ဖြေသွားပါတယ်။

အောက်က အမေးအဖြေကတော့ ကျွန်တော်မေးပြီး၊ ကျွန်တော့ပြန်ဖြေထားတာဖြစ်ပါတယ် !!!

မေး - ၂၀၀၈ နှစ်ကုန်မှာ Federer ကမ္ဘာ့ နံပါတ် တစ် ပြန်ဖြစ်နိုင်ပါ့မလား ?
ဖြေ - သိတ်မလွယ်ပါဘူး။ ဖြစ်ရင်သိပ်ကောင်းမှာပေါ့။ နောင် ၁၀ နှစ်ကြာလို့ပြန်ကြည့်တဲ့အခါ နှစ်ကုန်မှာ ကမ္ဘာ့နံပါတ် တစ်ဖြစ်ခဲ့တာကိုပိုတန်ဖိုးထားကြပါတယ်။ ဒီနှစ်မကုန်ခင်မှာ Masters အဆင့် ပွဲကြီးသုံးပွဲရှိပါသေးတယ်။ Grand Slam လောက်မကြီးကျယ်ပေမယ့် အမှတ်အများကြီးရနိုင်ပါတယ်။ ဒီ ၃ ပွဲလုံးဟာ Indoor ပြိုင်ပွဲတွေဖြစ်ပြီး စပိန်နိုင်ငံ မဒရစ် ၊ ပြင်သစ်နိုင်ငံ ပဲရစ် နဲ့ တရုတ်ပြည် ရှမ်ဟိုင်း တို့မှာ ကစားမှာဖြစ်ပါတယ်။

မေး - Federer အနားမယူခင်မှာ Grand Slam ဘယ်နှစ်ခု ရမယ်ထင်သလဲ ?
ဖြေ - အနည်းဆုံး ၁၆ ခုရမယ်ထင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ၂ ခုရမယ်ထင်ပါတယ်။

မေး - ၂၀၀၉ မှာ Grand Slam နိုင်ဖို့ အခွင့်အလမ်းရှိသူက ဘယ်သူတွေလဲ (Nadal, Djokovic နဲ့ Murray ကလွဲလို့ပေါ့)?
ဖြေ - သိပ်များများမရှိပါဘူး။
၁၊ Richard Gasquet (ပြင်သစ်) - သူ့ရဲ့ Backhand ကို အကြိုက်ဆုံးပါ။ စိတ်ပြော့လို့ ရှုံးတာ မကြာမကြာပါ။
၂၊ Ernest Gulbis (လတ်ဗီးယား) - Grand Slam တစ်ခုတော့ သေချာပေါက်နိုင်မှာပါ။ ၂၀၀၉ မှာ ဖြစ်မဖြစ်တော့ သိတ်မသေချာလှပါ။
၃၊ Marlin Cilic (ခရိုအေးရှား) - Gulbis လိုပါဘဲ။
၎၊ Juan Martin Del Potro (အာဂျင်တီးနား) - ခြေထောက်သန်ဖို့လိုတယ်ထင်ပါတယ်။

နှစ်ကုန် ကမ္ဘာ့နံပါတ် တစ် ဖြစ်ခဲ့ကြသူများ -

၁၊ ၆ နှစ်
Pete Sampras

၂၊ ၅ နှစ်
Jimmy Connors

၃၊ ၄ နှစ်
Roger Federer
Ivan Lendl
John McEnroe

၎၊ ၂ နှစ်
Björn Borg
Stefan Edberg
Lleyton Hewitt

၅၊ ၁ နှစ်
Andre Agassi
Jim Courier
Gustavo Kuerten
Ilie Năstase
Andy Roddick
Mats Wilander

နှစ်ကုန် ကမ္ဘာ့အဆင့် ၁ ကို ဆုံးသွားပြီးရင် နောက် ပြန်ရခဲ့တာ သမိုင်းမှာ မရှိခဲ့ပါ။

Post a Comment