Monday, September 1, 2008

2008 US Open Diary - Sept 1


ဒီနှစ် US Open မှာ အသက် ၂၀ ၀န်းကျင်ရှိတဲ့ အမျိုးသားအားကစား အသစ်တော်တော်များများကို သတိပြုမိပါတယ်။ လောလောဆယ် ကမ္ဘာ့အဆင့် အစီအစဉ်အတိုင်းပြောရင် -
၁၊ Rafael Nadal (စပိန် - ၂၂ နှစ်)
၂၊ Roger Federer (ဆွစ်ဇာလန် - ၂၇ နှစ်)
၃၊ Novak Djokovic (ဆားဗီးယား - ၂၂ နှစ်)
၎၊ David Ferrer (စပိန် - ၂၆ နှစ်)
၅၊ Nikolay Davydenko (ရုရှား - ၂၇ နှစ်)
၆၊ Andy Roddick (အမေရိကန် - ၂၆ နှစ်) - တို့ဖြစ်ပါတယ်။

လူငယ်အသစ်တွေထဲက မကြာခင်မှာ (၂ နှစ်အတွင်း) ကမ္ဘာ့အဆင့် ၁၀ အတွင်း ၀င်လာနိုင်တဲ့သူတွေကတော့ -
၁၊ Ernest Gulbis (လတ်ဗီးယား - ၂၀ နှစ်)
၂၊ Marlin Cilic (ခရိုအေးရှား - ၁၉ နှစ်)
၃၊ Juan Matin Del Potro (အာဂျင်တီးနား - ၁၉ နှစ်) - တို့ဖြစ်ပါတယ်။

နောက်နှစ်မှာ ကမ္ဘာအဆင့် ၅ အတွင်း သေချာပေါက်ဝင်လာမဲ့သူကတော့
၁၊ Andy Murray (အင်္ဂလန် (စကော့တလန်) - ၂၁ နှစ်) ဖြစ်ပါတယ်။

၂၀၀၈ US Open မှာ လက်စွမ်းပြသွားတဲ့ လူငယ် ၂ ယောက်ကတော့
၁၊ Kei Nishikori (ဂျပန် - ၁၈ နှစ်) - ကမ္ဘာ့အဆင့် နံပါတ် ၄ ရှိတဲ့ David Ferrer ကို ဒုတိယအဆင့် (2nd round) မှာအနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် တတိယအဆင့် (3rd round) မှာ ၁၉ နှစ်သား Juan Martin Del Potro ကို သုံးပွဲပြတ်နဲ့ရှုံးသွားပါတယ်။
၂၊ Donald Yound (အမေရိကန် - ၁၉ နှစ်) - ကမ္ဘာ့အဆင့် နံပါတ် ၉ James Blake ကို ပထမအဆင့် (1st round) မှာ ၅ ပွဲအကြိတ်အနယ်ကစားပြီးရှုံးသွားပါတယ်။ အဲဒီပွဲကို ကျွန်တော် ကွင်းထဲမှာ သွားကြည့်ဖြစ်ပါတယ်။ Donald Young နိုင်ဖို့အခွင့်အလမ်းရှိပေမယ့် အတွေ့အကြုံနည်းလို့ ရှုံးသွားတာလို့ ပြောရပါမယ်။

အထက်မှာ ပြောခဲ့တဲ့ သူတွေထဲမှာ ကျွန်တော် ဒုတယ အကြိုက်ဆုံးကတော့ Andy Murray ဖြစ်ပါတယ်။ အကြိုက်ဆုံး ကတော့ Roger Federer ဖြစ်ပါတယ်။

Roger Federer အကြောင်းပြောရင်းနဲ့ - မနက်ဖြန် စက်တင်ဘာ ၂ ရက်နေ့ (အင်္ဂါနေ့) မှာ ကျွန်တော့ US Open သွားကြည့်ဖြစ်ပါဦးမယ်။ ပထမပွဲက Roger Federer နဲ့ ရုရှားက Igor Andreev ဖြစ်ပြီး၊ ဒုတိယပွဲက Novak Djokovic နဲ့ Tommy Robredo တို့ရဲ့ပွဲ ဖြစ်ပါတယ်။ Federer နဲ့ကစားမဲ့ Igor Andreev က အရပ် ၅ ပေ၊ ၁၁ လက်မ ကိုယ်အလေးချိန် ၁၇၆ ပေါင်ရှိပါတယ်။ ညာသန်ဖြစ်ပြီး သူရဲ့ ညာဖက် (forehand) ကိုလာတဲ့ဘော်လုံးကို Top Spin နဲ့ အရမ်းရိုက်လေ့ရှိပါတယ်။ Federer ကသူရဲ့ ဘယ်ဖက် (backhand) ကိုဖိကစားမယ်လို့ ထင်ပါတယ်။

အပူချိန် ၉၀ ဒီဂရီ ဖာရင်ဟိုက်လောက်ရှိမှာဖြစ်ပြီး၊ လေထဲမှာ ရေငွေ့လည်းများမှာမို့ သိပ်သက်တောင့်သက်သာရှိမယ် မထင်ပါဘူး။ ရေများများ ယူသွားပြီး၊ ခေါင်းကိုက်ပြောက်ဆေးလည်း ကြိုသောက်သွားဖို့ လိုပါလိမ့်မယ်။

Post a Comment