ဒီနေ့ အရမ်းကောင်းတဲ့ တင်းနစ်ပွဲ ၂ ပွဲကြည့်ခဲ့ရပါတယ်။ နေ့လည် ၁၂ နာရီက ပထမပွဲ စကစားပြီး၊ ဒုတိယပွဲပြီးတော့ ည ၈ နာရီခွဲရှိပါပြီ။
ဒီကနေ့ပွဲတွေကတော့ စတုထ္ထဆင့် ရှုံးထွက်ပွဲတွေဖြစ်ပြီး Best of Five စံနစ်နဲ့ ကစားပါတယ်။
၁၊ ပထမပွဲ Novak Djokovic (၃) vs. Tommy Robredo (၁၅)
၂၊ ဒုတိယပွဲ Roger Federer (၂) vs. Igor Andreev (၂၃)
ကွင်းထဲကနံပါတ်တွေက လောလောဆယ် ကမ္ဘာ့အဆင့် ဖြစ်ပါတယ်။







မနက်ဖြန် ပထမ Quarter Final ပွဲကိုသွားကြည့်ဖြစ်ပါဦးမယ်။ Juan Matin Del Potro (အာဂျင်တီးနား - ၁၉ နှစ်) နဲ့ Andy Murray(စကော့တလန် - ၂၁ နှစ်) တို့ဖြစ်ပါတယ်။ ဒီပွဲနိုင်ရင် Andy ကမ္ဘာ့အဆင့် နံပါတ် ၄ ဖြစ်ပါမယ်။ ဒီနေ့ Roger ကို အားပေးပြီးပြီ၊ မနက်ဖြန်တော့ Andy ကိုသွားအားပေးရပါမယ်။
လာမဲ့ စနေနေ့ (စက်တင်ဘာလ ၆ ရက်) မှာ Semi Final ကစားပါမယ်။ ကျွန်တော်ဖြစ်စေချင်တဲ့ Semi Final နှစ်ပွဲကတော့
၁၊ Rafael Nadal (စပိန်) vs. Andy Murray (စကော့တလန်)
၂၊ Roger Federer (ဆွစ်ဇာလန်) vs. Novak Djokovic (ဆားဗီးယား)
ဖြစ်ပါတယ်။
Go Roger !!!!
Post a Comment