Tuesday, August 5, 2008

Latency


လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကရေးခဲ့တဲ့ "အဲဒါ Latency ကြောင့်ပေါ့၊ ငတုံးရဲ့" ဆိုတဲ့ဆောင်းပါးကို ဟိုတနေ့က ပြန်ဖတ်မိရင်းနဲ့ ကျွန်တော် လေ့လာ နားလည်သလောက် Latency နဲ့ ပတ်သက်တာကို ပြောသွားပါမယ်။

Latency ဆိုတာကို ဗမာလို "ကြာတဲ့အချိန်" လို့ပြောရင် နီးစပ်မယ်ထင်ပါတယ်။ Network တစ်ခုကိုဖြတ်ပြီး ကွန်ပျူတာ ၂ လုံး အဆက်အသွယ်လုပ်ကြတဲ့အခါ လမ်းခုလတ်မှာ "ကြာတဲ့အချိန်" အနည်းဆုံး ၅ မျိုးခွဲလို့ ရပါတယ်။ အဲဒါတွေကတော့

၁၊ Serialization Delay
၂၊ Propagation Delay
၃၊ Queueing Delay
၎၊ Processing / Forwarding Delay
၅၊ Network Delay

၁၊ Serialization Delay (Packet တစ်ခုကို Device တစ်ခုက ထုတ်လွှတ်ဖို့ "ကြာတဲ့အချိန်")

ဘူတာတစ်ခုမှာ မီးရထားတစင်း ရပ်ထားတယ်ဆိုပါစို့။ ခေါင်းတွဲ စထွက်တဲ့အချိန်ကစလို့၊ နောက်ဆုံးဂတ်ဗိုလ်တွဲ ဘူတာရုံက ကလုံးလုံး ထွက်သွားတဲ့အထိ ကြာတဲ့အချိန်ကို ရထားတွဲရဲ့ serialization delay လို့ပြောနိုင်ပါတယ်။

အောက်မှာ ပြထားတဲ့ပုံကိုကြည့်ပြီးဆွေးနွေးသွားပါမယ်။ Serilization delay ဆိုတာ Network hardware ကနေ packet တစ်ခုကို
ဝါယာကြိုးပေါ်ကို (wireless ဆိုရင်လဲ လေထဲကိုပေါ့) တစ်ပေးဖို့လို့ ကြာတဲ့အချိန်ကို ပြောတာဖြစ်ပါတယ်။ Network hardware ရဲ့ speed မြန်လေလေ၊ serilization delay တန်ဖိုး နည်းလေလေဖြစ်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း HostA က နေ ၁၅၀၀ bytes packet ကို transmit လုပ်ဖို့ ၀.၁၂ မီလီစက္ကန့်ကြာပြီး၊ အဲဒီ packet ကိုဘဲ Router2 က transmit လုပ်ဖို့ ၉၃ မီလီစက္ကန့် ကြာပါတယ်။ တစ်ခုမှတ်ထားစေချင်တာကတော့ Network hardware က packet တစ်ခုကို လက်ခံ ရရှိတဲ့အခါ serialization delay မရှိပါဘူး။

ဘဏ်တွေနဲ့၊ စတော့ရှယ်ရာ အရောင်းအ၀ယ်လုပ်တဲ့ အဖွဲ့အစည်းတွေမှာ - Circuit တစ်ခုကို ငှားတဲ့၊ ၀ယ်တဲ့အခါမှာ bandwidth မလိုအပ်သော်လည်း၊ serialization delay နည်းစေချင်တဲ့အတွက်ကြောင့် ပိုက်ဆံပိုပေးပြီး Higher bandwidth circuit တွေကို
ဝယ်ကြတာ သတိပြုမိပါတယ်။


serialization delay


Serialization Delay = Packet Size / Link Speed
Total Serialization Delay = Summation of Serialization at every hop

၂၊ Propagation Delay (အကွာအဝေးပေါ်မှာ မှီပြီး "ကြာတဲ့အချိန်")

မီးရထားတစင်း ဘူတာရုံကထွက်လာတာကို ကောင်းကင်ကနေကြည့်ကြည့်မယ် ဆိုပါစို့။ ခေါင်းတွဲ ပထမဘူတာရုံကထွက်လာတဲ့အချိန် စပြီး၊ အဲဒီခေါင်းတွဲ ဒုတိယဘူတာရုံကို ၀င်သွားတဲ့အချိန်အထိ ကြာတဲ့အချိန်ကို ရထားရဲ့ ဘူတာနှစ်ခုကြားက propagation delay လို့ ခေါ်ပါမယ်။

ဒီတန်ဖိုးကတော့ နားလည်ရလွယ်ပါတယ်။ Bandwidth ဘယ်လောက် များများ propagation delay ကို လျော့နည်းစေချင်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ အလင်းရဲ့အမြန်နှုန်း (လျှပ်စစ်ရဲ့ အမြန်နှုန်း) ဆိုတာ ကိန်းသေဖြစ်နေလို့ပါ။ ရူပဗေဒ နည်းနည်းပါးပါး သင်ဖူး သူတိုင်း အလင်းရောင်ဟာ တစက္ကန့်ကို မီတာ သန်း ၃၀၀ နှုန်းနဲ့သွားတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ Network တစ်ခု မှာတော့ လျှပ်စစ် နဲ့ အလင်း ပြောင်းလဲတဲ့ အဆင့်တွေရှိတာကြောင့် အလင်း အလျှင်ရဲ့ ၇၀% နဲ့ Packet တွေသွားတယ်လို့ အများစုက လက်ခံထား ကြပါတယ်။
မှတ်ထားစေချင်တာကတော့ propagation delay က packet size နဲ့ရော၊ bandwidth နဲ့ပါ မဆိုင်ပါဘူး ဆိုတဲ့အချက်ပါ။

၅၀ မီတာ = ၀.၀၀၂ မီလီစက္ကန့်
၅ ကီလိုမီတာ = ၀.၀၂၄ မီလီစက္ကန့်
၁၀ ကီလိုမီတာ = ၀.၀၄၈ မီလီစက္ကန့်
၁၀၀၀ ကီလိုမီတာ = ၄.၈ မီလီစက္ကန့်



Propagation Delay and Serialization Delay


R1 နဲ့ R2 ကြားက Link ကို R2 နဲ့ R3 ကြားက Link နဲ့ ယှဉ်ကြည့်ရင် - Bandwidth ပိုများတဲ့အတွက် serialization delay တန်ဖိုးနည်းပေမဲ့ distance ကပိုဝေးတဲ့အတွက်ကြောင့် propagation delay ပိုများတာကို သတိပြုပါ။

Propagation Delay = Length of Link (in Meters) / 70 % of Speed of Light (i.e. 2.1 x 10^8 meter per second)
Total Propagation Delay = Summation of Propagation at every hop

Post a Comment