လာမယ့် တင်္နလာနေ့ (သြဂုတ်လ ၂၅ ရက်နေ့) ဆိုရင် US Open Tennis ပြိုင်ပွဲကြီးစတော့မယ်။
နိုင်ငံအစုံက ကစားသမားတွေ New York ကို ရောက်နေကြပြီဖြစ်ပြီး ဒီတပတ်လုံး ပြင်ဆင်လေ့ကျင့် နေကြပါတယ်။
Christian Harrison
(၁၃ နှစ်အောက် အသက်အုပ်စုမှာ အမေရိကရဲ့ နံပါတ် ၁ တင်းနစ် အားကစားသမား ပေါက်စ)
Christian's YouTube Clip and Profile
Stan
ဒီနေ့ နေ့လည် ၃ နာရီလောက်က တင်းနစ်ကွင်းတွေဆီကိုရောက်တော့ Switzerland နိုင်ငံက ကမ္ဘာ့အဆင့် နံပါတ် ၁၀ ဖြစ်တဲ့ Stanislas Wawrinka လေ့ကျင့်တာကို သွားကြည့်ဖြစ်ပါတယ်။ Stan က Roger Federer ရဲ့ သူငယ်ချင်းဖြစ်ပြီး သူတို့နှစ်ယောက်တွဲ Beijing Olympics မှာ ရွှေတဆိပ်ရခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ Roger နဲ့ Stan ကွင်းပေါ်မှာ အောင်ပွဲခံကြတာကို ဘာလုပ်တာလဲလို့ နားမလည်တဲ့အတွက် ကျွန်တော် Stan ကိုမေးကြည့်ပါတယ်။
Me : Stan, Congratultaions on Olympics Gold.
Wawrinka : Thank You.
Me : I have a question if you don't mind.
(Stan looked at me as if saying "go ahead")
Me : What were you and Rog doing when celebrating on court after the final. I couldn't figure it out.
Wawrinka : (smiling) I was on fire and Roger was warming his hands.
Me : Oooooh .. I got it. Thank you very much.
(I wished I taped that conversation.)
စိတ်ကူးယဉ်တာမဟုတ်ပါဘူး။ တကယ်မေးခဲ့တာပါ။ ကျွန်တော် အရမ်းပျော်ပြီး ပြန်လာခဲ့တယ်ဆိုတာ သိပ်ပြောဖို့လိုမယ်မထင်ပါဘူး။
Players
ဒီနေ့ကြည့်ခဲ့တဲ့ အားကစားသမားများရဲ့ ဓါတ်ပုံတွေ။




Post a Comment