Saturday, August 30, 2008

2008 US Open Diary - Aug 30


US Open Tennis ပြိုင်ပွဲကျင်းပတဲ့ National Tennis Center နဲ့ ကျွန်တော့အိမ်နဲ့က ၂ မိုင်လောက်သာဝေးပါတယ်။ ကားမောင်းသွားရင် ၅ မိနစ်ခန့်ကြာပြီး၊ လမ်းရှောက်သွားရင်တော့ ၂၀ မိနစ်လောက် ကြာပါတယ်။ ပြိုင်ပွဲမစခင် ၁ ပတ်အလို (သြဂုတ်လ ၁၈ ရက်နေ့က ၂၂ ရက်နေ့အထိ) မှာ အားကာသမားတွေ လေ့ကျင့်တာကို ပိုက်ဆံမပေးဘဲ သွားကြည့်လို့ ရပါတယ်။
အဲဒီအပတ်မှာဘဲ လက်ရေစစ်ပြိုင်ပွဲတွေကိုလည်း ကြည့်လို့ရပါတယ်။

US Open မှာ အမျိုးသား ၁၂၈ ယောက်၊ အမျိုးသမီး ၁၂၈ ယောက် ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ၁၄ ရက်ကြာကျင်းပတာဖြစ်ပါတယ်။
ဒီ ၁၂၈ ယောက်ထဲက ၁၆ ယောက်ကို လက်ရည်စမ်းပွဲက ရွေးပါတယ်။ လက်ရည်စမ်းပွဲမှာ ၁၂၈ ယောက်ပါဝင်ပြီး၊ ၄ ရက်ကြာ ကျင်းပပါတယ်။ National Tennis Center မှာ တင်းနစ်ကွင်း ၂၀ ကျော်ရှိပြီး၊ ပြိုင်ပွဲကို ၁ရ ကွင်းပေါ်မှာ ကစားပါတယ်။ ကွင်းအကြီးကြီး ၃ ပါတယ်။
၁၊ Arthur Ashe Stadium က အကြီးဆုံးဖြစ်ပြီး ဖိုင်နယ်ပွဲတွေကို အဲဒီမှာဘဲ ကစားပါတယ်
၂၊ Louis Armstrong Stadium က ဒုတိယ အကြီးဆုံးဖြစ်ပါတယ်
၃၊ Grand Stand က တတိယ အကြီးဆုံး ဖြစ်ပါတယ်
ကျန်တဲ့ ၁၄ ကွင်းကတော့ သိပ် မတိမ်းမယိမ်းပါဘဲ။

လက်မှတ်မှာ (အရမ်းဈေးကြီးတဲ့ လက်မှတ်တွေကလွဲလို့)
၁၊ နေ့လက်မှတ် (မနက် ၁၁ နာရီကစလို့ ကိုယ်ကြိုက်သလောက် အ၀ကြည့်ခွင့်ရှိတယ်)
၂၊ ညလက်မှတ် (ည ၆ နာရီကစလို့ ကိုယ်ကြိုက်သလောက် အ၀ကြည့်ခွင့်ရှိတယ်)
၃၊ Ground Pass (Arthur Ashe Stadium ကို ၀င်ခွင့်မရတာကလွဲလို့၊ နေ့လက်မှတ်နဲ့ဆင်တူပါတယ်)

အကြီးဆုံးကွင်းဖြစ်တဲ့ Ashe Stadium မှာတော့ ခုံနံပါတ်ပါပြီး၊ ကျန်တဲ့ကွင်းတွေမှာတော့ ဦးရာလူ ကြိုက်တဲ့နေရာမှာ ထိုင်လို့ ရပါတယ်။

လွန်ခဲ့တဲ့ ၁ နာရီကျော်ကျော်ကဘဲ Andy Roddick (အမေရိကန်)က Ernests Gulbis (လတ်ဗီးယား) ကို လေးပွဲ အကြိတ်အနယ်ကစားပြီး နိုင်သွားတဲ့ပွဲကို ကြည့်ပြီးပြန်လာခဲ့ပါတယ်။ ပွဲပြီးချိန်မှာ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲရှိနေပါပြီ။ သောကြာနေ့ညဆိုတော့ ကွင်းမှာ လူတော်တော်စီပါတယ်။

နောက်နေ့မှ ကြည့်ပြီးတဲ့ ပွဲတွေထဲက ကောင်းနိုးရာရာတွေ ရေးသွားပါမယ်။

လာမဲ့ အင်္ဂနေ့နဲ့၊ ဗုဒ္ဓဟူးနေ့ တွေအတွက် နေ့လက်မှတ်ဝယ်လို့ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနဲ့၊ သောကြာည တွေမှာ ရုံးက သူငယ်ချင်း မိတ်ဆွေတွေနဲ့ သွားကြည့်းဖြစ်ခဲ့ပါတယ်။


Post a Comment