Saturday, July 19, 2008

Path MTU Discovery

အရင်ခေါင်းစဉ်မှာပြောခဲ့တဲ့အတိုင်း Network တစ်ခုမှာရှိတဲ့ အငယ်ဆုံး MTU ကို အလိုအလျောက် ရှာတဲ့နည်းလမ်းကို Path MTU Discovery (RFC 1191) လို့ခေါ်ပါတယ်။ Network ထဲမှာရှိတဲ့ Router တွေ fragmentation အလုပ်ပို မလုပ်ရအောင် ဖြစ်ပါတယ်။ IP Packet ရဲ့ Header မှာ DF (don't fragment) ဆိုတဲ့ flag bit တစ်ခု ပါပါတယ်။ Don't Fragment ဆိုတဲ့အတိုင်း၊ Packet မှာပါတဲ့ DF bit ရဲ့တန်ဖိုး ၁ ဖြစ်နေရင် လမ်းခုလပ်မှာရှိတဲ့ router က အဲဒီ packet ကို အပိုင်းပိုင်းဖြတ်ခွင့်မရှိပါဘူး။

အရင်းခေါင်းစဉ်က ပုံကိုဆက်သုံးကြရအောင်။ Host0 ကနေ Host2 ဆီကို DF bit တန်ဖိုး ၁ ရှိတဲ့ packet တစ်ခုကို ပို့ပေးလိုက်တယ်ဆိုပါစို့။ ပုံမှန်ဆိုရင် Router0 ရဲ့ အထွက် interface MTU က အ၀င် interface MTU ထက် ငယ်တယ်ဆိုရင်၊ Router က Packet ကို အပိုင်းပိုင်း ဖြတ်ပေးရပါမယ်။ Packet ထဲမှာပါတဲ့ DF bit ရဲ့ တန်ဖိုး ၁ ဖြစ်နေခဲ့ရင် တော့ Route က Packet ကို အပိုင်းပိုင်းဖြတ်ရမဲ့အစား၊ Packet ကိုလည်း ဆက်ပို့မပေးတော့ပါဘူး။ ဒါ့အပြင် Router0 ပို့ပေးတဲ့ ကွန်ပျူတာ (Host0) ဆီကို ICMP destination unreachable (type 3) fragmentation needed and DF set (code 4) (လိုရာကိုပို့မပေးနိုင်ဘူး၊ အပိုင်းပိုင်းဖြတ်ဖို့လိုပေမယ့် DF bit က လုပ်ခွင့်မပေးဘူး) packet တစ်ခုပြန်ပို့ပေးပါတယ်။ အဲဒီ ICMP Packet ထဲမှာဘဲ Router0 Output interface ရဲ့ MTU အရွယ်အစားကို ထည့်ပေးလိုက်ပါတယ်။

Host0 က ICMP Packet ကို ရတဲ့အချိန်ကစပြီး၊ Host0 ကနေ Host2 ကို နောက်ထပ်ပို့ပေးတဲ့ Packet အားလုံးရဲ့ အရွယ်အစားက ICMP မှာပါလာတဲ့ MTU အရွယ်အစားထက် ပိုကြီးပြီး မပို့တော့ပါဘူး။ တနည်းပြောရရင် Router0 က ပို့ပေးလိုက်တဲ့ MTU တန်ဖိုးကို Host0 က လက်ခံလိုက်ပြီး၊ ရှေ.ရှောက် Host0 က Host2 ကို ပို့ပေးတဲ့ packet တိုင်းဟာ အဲဒီ MTU ထက်မကြီးတော့ဘူးပေါ့။

Path MTU-D ပြသနာအချို.
Path MTU-D အလုပ်လုပ်ဖို့အတွက် Router ကနေ စပို့ပေးတဲ့ကွန်ပျူတာ (source host) ကို ပြန်ပို့ပေးတဲ့ ICMP သတင်း ပြန်ရောက်ဖို့လိုအပ်ပါတယ်။ လက်တွေ့မှာ firewall တွေ၊ router မှာရှိတဲ့ access control list တွေက ICMP ကိုတားမြစ်ထားတဲ့အတွက်ကြောင့် Path MTU-D ပုံမှန် အလုပ်မလုပ်နိုင်တော့ပါဘူး။
ဒီပြသနာကို ဖြေရှင်းဖို့အတွက် firewall rule ၊ router access control list မှာ ICMP type 3, code 4 ကို ခွင့်ပြုပေးဖို့လိုပါတယ်။

Path MTU-D အလုပ်မလုပ်တော့ရင် ကွန်ပျူတာ တစ်ခုနဲ့ တစ်ခု ဆက်သွယ်လို့မရနိုင်ပါဘူး။ ကျွန်တော် ကြုံဖူးသလောက် Path MTU-D ပြသနာ အတက်ဆုံးနေရာတွေကတော့ IPSec နဲ့ GRE tunnel တွေပါတဲ့ ရုံးတွင်း network တွေမှာ များပါတယ်။ အင်တာနက်ပေါ်မှာတော့ PPPoE ကိုသုံးတဲ့ DSL network တွေမှာ ဖြစ်တာတွေ့ဖူးပါတယ်။
အိမ်က Windows ကွန်ပျူတာက MTU ကို အလွယ်တကူ ပြင်ချင်ရင် Dr. TCP ဆိုတဲ့ program ကို သုံးပြီး စမ်းကြည့်ပါ။

စာညွန်း

IPSec/GRE ကြောင့် Path MTU-D ပြသနာဖြစ်လျင် Cisco router တွေမှာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဒီမှာ ဖတ်ကြည့်ပါ





Post a Comment