Tuesday, June 3, 2008

IOS Simulation (အပိုင်း ၂)


GNS3 က Dynamips ကို သုံးရ လွယ်အောင် GUI front end လုပ်ပေးထားတာဖြစ်ပါတယ်။
GNS3 က အင်မတန် လွယ်တာကြောင့် ဘာမှ ရှင်းပြစရာ မလိုသလောက်ပါဘဲ။
ဒီမှာ download လုပ်ပြီး Install လုပ်ပါ။

Video Tutorial ကို blindhog.net မှာ ကြည့်နိုင်ပါတယ်။

YouTube မှာလည်း GNS3 နဲ.ဆိုင်တဲ့ Video ၅ ခု လောက်ရှိပါတယ်။

အရေးကြီးတဲ့ အချက် တချို.ကို အပိုင်း (၁) ကနေ ပြန်ကူးပြီး ရေးလိုက်ပါမယ်။

Cisco IOS လိုအပ်ပါတယ်။ IOS ကို http://www.cisco.com မှာ download လုပ်နိုင်ပါတယ်။
Cisco ကနေ Service Contract ၀ယ်ထားသူရဲ. Login ID လိုအပ်ပါတယ်။ Login မရှိလျင် သူငယ်ချင်း၊ မိတ်ဆွေတွေကို စုံစမ်းကြည့်ပါ။

Dynamips ကိုစသုံးလို.ရပြီး မကြာခင်မှာ ကွန်ပျူတာရဲ. CPU ဟာ ၁၀၀% ကိုရောက်သွား ပြန်ဆင်းမလာ တာကို သတိပြုမိ ကြပါလိမ့်မယ်။ အဲဒီအခါမှာ keyboard က စာလုံး တစ်လုံးရိုက်တိုင်း ၂ စက္ကန်.၊ ၃ စက္ကန်. စောင့်ရတာမျိုး၊ mouse ရွေ.လို.မရတာမျိုးတွေ ကြုံရပါမယ်။ ပြသနာ အကြောင်းရင်းကတော့ IOS က အလုပ်မလုပ်တဲ့ အချိန်ကို simulator က မသိတဲ့အတွက်ကြောင့် ကွန်ပျူတာရဲ့ CPU ကို အမြဲတမ်း ယူသုံးနေလို. ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာ တဆင့်ချင်းရှင်းပြထားတာ ဒီမှာ ဖတ်ကြည့်ပါ။
ဖြေရှင်းတာကတော့ idle-pc ရဲ့တန်ဖိုးကို အမျိုးမျိုးပြောင်းကြည့်ပါ။ trial and error နည်းလမ်းဖြစ်လို. ပင်ပန်းပြီး အချိန်ကုန်ပါတယ်။

ကျွန်တော် အတွေ.အကြုံအရ အမြန်ဆုံး ၃ ခါ၊ အကြာဆုံး ၂၂ ခါ - idle-pc မျိုးစုံစမ်းကြည့်ပြီး အဆင်ပြေသွားပါတယ်။ Router 12 ကို Pentium 4 2.8Hz, 2GB ကွန်ပျူတာမှာ စမ်းကြည့်တာ CPU ၂၀% ထက် ပိုမများပါဘူး။

Post a Comment