Sunday, June 1, 2008

အမေရိက ကွန်ပြူတာ အလုပ် (၃) - လခ အပြင် . .


အလုပ်ရှာတဲ့အခါ လခဘယ်လောက်ရမလဲဆိုတာ ပထမဦးဆုံးမေးတဲ့ မေးခွန်းဖြစ်လေ့ရှိပါတယ်။
လခအပြင် အခြားရေးကြီးတဲ့ အကျိုး၊ အခွင့်အလမ်းတွေဟာ လခတဲ့ ပိုအရေးကြီးလေ့ရှိပါတယ်။
ကျွန်တော် စဉ်းစားမိသလောက် ရေးသွားပါမယ်။

၁။ ပင်စင် (၁ နှစ်ကို ဒေါ်လာ ၅၀၀၀ မှ ၁၅၀၀၀)
၂။ ဘိုးနပ်စ်
၃။ ကျန်းမာရေး အာမခံ (၁ နှစ်ကို ဒေါ်လာ ၅၀၀၀ ခန်.)
၎။ စတော့ အော်ပရှင်
၅။ ခွင့်ရက် (ခွင့် ၁ ရက် = လခရဲ. ၀.၄% ခန့်)
၆။ ကျောင်း ၊ သင်တန်း တက်ခွင့် (၁ နှစ်ကို ဒေါ်လာ ၅၀၀၀ - ၁၀၀၀၀ ခန်.)

၁။ ပင်စင်
အသက်ကြီးလို. အလုပ်မလုပ်နိုင်တော့တဲ့အခါ ဘယ်က၀င်ငွေရမလဲ?
ပင်စင် (Pension) ဆိုတာ အလုပ်ရှင်က ပေးတာဖြစ်ပြီး၊ အာမခံချက် သိပ်မကောင်းပါဘူး။ အကောင်းဆုံးကတော့ IRA (Individual Retirement Account) နဲ. 401K Plan ဖြစ်ပါတယ်။ ကြယ်ပြန်.တဲ့အကြောင်းအရာဖြစ်လို. အသေးစိတ်သိချင်လျင် အလုပ်ရှင်ရဲ. HR (Human Resources) Department မှာ စုံစမ်းကြည့်ပါ။ အင်တာနက်မှလည်း ရှင်းပြထားတာတွေ အများကြီးရှိပါတယ်။
ကျွန်တော်ပြောချင်တာ တစ်ခုတော့ရှိပါတယ်။ အလုပ်ကောင်းရင် အလုပ်ရှင်က IRA (သို.) 401K Plan မှာ ကိုယ် စုသလောက် လိုက်စုပေးပါတယ်။ ဆိုပါစို. ကိုယ်က ၁ နှစ်ကို ဒေါ်လာ တစ်သောင်း စုမယ်ဆိုရင်၊ အလုပ်ရှင်က တစ်သောင်း လိုက်စုပေးပါတယ်။ အဲဒီပိုက်ဆံက အသက် ၅၉ ခွဲ မတိုင်ခင် ထုတ်လို. မလွယ်ပါဘူး။
ပိုကောင်းတဲ့ အလုပ်ဆိုရင် ကိုယ် မစုချင်ရင်လဲ အလုပ်ရှင်က ထည့်ပေးပါတယ်။
အလုပ်အသစ် လက်ခံတော့မယ်ဆိုရင်၊ အလုပ်ရှင်မှာ IRA (သို.) 401K Plan ရှိသလား။
ရှိရင် အလုပ်ရှင်က ဘယ်လောက်လိုက် စုပေးလဲ၊ ဘယ်လို လိုက်စုပေးလဲ ဆိုတာ ကိုမေးပါ။
(matching လို. ခေါ်ပါတယ်၊)
လခ ချင်းတာတဲ့ အလုပ်နှစ်ခု ကိုရွေးမယ်ဆိုရင် Retirement Matching Plan ကောင်းတဲ့ အလုပ်ရှင်ကို ရွေးသင့်ပါတယ်။

၂။ ဘိုးနပ်စ်
တချို. အလုပ်တွေမှာ Bonus ဟာ လခထက်များတာ၊ လခ လောက်နီးနီး ရတာမျိုးရှိပါတယ်။ ဘယ်အလုပ်ရှင်ကမှတော့ Bonus ဘယ်လောက်ရမယ်လို. အာမခံ မှာ မဟုတ်ပါဘူး။ Bonus ကို ပေးပုံးလည်း အမျိုးမျိုး ရှိပါတယ်။ ၃ လ ၊ ၆ လ ၊ ၁ နှစ် တစ်ခါ စသဖြင့်ပေါ့။
အလုပ်အသစ် လက်ခံမယ်ဆိုရင်၊ အလုပ်ရှင်မှာ Bonus စံနစ် ရှိသလား၊ ဘယ်လိုပေးသလဲ၊ ပျမ်းမျှချင်းဘယ်လောက်ပေးလဲ ဆိုတာ ကိုမေးပါ။
ကိုယ့်ကို အလုပ်ရှင်က အရမ်းလိုချင်နေမှန်းသိရင် အလုပ်ဝင် Bonus တောင်းလို.ရနိုင်ပါတယ်။ ၁၉၉၈၊ ၉၉ ပတ်ဝင်းကျင်က ကွန်ပျူတာအလုပ်တွေ အရမ်းခေတ်စားခဲ့ပါတယ်။ တချို. Programmer တွေကို အလုပ်လက်ခံရင် Ferarri ပြိုင်ကား အလုပ်ဝင် Bonus အနေနဲ. ပေးတယ်လို. ကြားဖူးပါတယ်။

၃။ ကျန်းမာရေး အာမခံ
အမေရိကမှာ ဆေးဖိုး၊ ဆေးရုံဖိုး၊ ဆရာဝန်ဖိုး အရမ်း ကြီးလေးပါတယ်။ Accident တစ်ခုခုဖြစ်လို. ဆေးရုံမှာ ၁ ပတ်ကျော်ကျော် လောက် နေမယ်ဆိုရင် ဒေါ်လာ ၅ သောင်းလောက်နီးနီးကုန်သွားနိုင်ပါတယ်။
ကျန်းမာရေးအာမခံဟာ မရှိမဖြစ် လိုပါတယ်။ သွား အာမခံကိုလည်း သတ်သတ်ဝယ်ဖို.လိုပါတယ်။
အလုပ်ရှင် အများစုက အာမခံရဲ့ တချို.တ၀က်ကိုပေးပြီး၊ အလုပ်သမားက ကျန်တာကို ပေးရပါတယ်။ ကျွန်တော် ၂၀၀၈ ခုနှစ်မှာ ကျန်းမာရေးအာမခံ တစ်လကို ဒေါ်လာ ၄၀၀ ခန်.ပေးရပါတယ်။ မိသားစုရှိရင် ဒိထက်ပိုများမှာပေါ့။
အရမ်းကောင်းတဲ့ အလုပ်တွေမှာ အလုပ်ရှင်က ကျန်းမာရေးအာမခံ အားလုံးပေး ပေးပါတယ်။ အဲလို အလုပ်ရှင်မျိုး တော်တော် ရှားပါတယ်။

၎။ စတော့ အော်ပရှင်
Stock Option ကို ဗမာအသံထွက်အတိုင်း ရေးရတာ ရီရတယ်လို.ထင်ပါတယ်။
အလုပ်အသစ်မှာ Stock Option ၀ယ်ခွင့်ရ တယ်ဆိုရင် သေချာပေါက်ဝယ်ပါ။ အလုပ်ရှင် လုပ်ငန်း အောင်မြင်ရင် ကိုယ်လည်း ပိုက်ဆံ အကြီးအကျယ် ရဖို.က ဒီလမ်းတစ်ခုဘဲ ရှိပါတယ်။ Goolge က အလုပ်သမားတွေ သန်းကြွယ်သဌေးတွေဖြစ်သွားကြတာ Stock Option ကြောင့်ပါ။
အလုပ်အသစ် လက်ခံမယ်ဆိုရင်၊ Stock Option Plan ရှိမရှိမေးပါ၊ မရှိဘူးဆိုရင်လည်း အလုပ်စစချင်း Stock Option ပေးဖို.တောင်းပါ။ ကိုယ့်ဘက်က ဘာမှ ရှုံးစရာမရှိပါဘူး။

၅။ ခွင့်ရက်
အလုပ်မှ စလုပ်ရသေးဘူး၊ ခွင့်အကြောင်း စပြောနေပြီ - လို.မထင်ပါနဲ.။
ခွင့်ရက် ၅ ရက် တိုးရတာ၊ လခ ၂% တိုးတာနဲ. တူတူပါဘဲ။
ခွင့်ရက်ကို
- ကျန်းမာရေးနဲ. ဆိုင်တဲ့ခွင့် (sick days)
- ကိုယ်ရေး ကိုယ်တာခွင့် (personal days)
- ခရီးသွား ခွင့် (vacation days)
- အစိုးရ ရုံးပိတ်ရက် (holidays)
ဆိုပြီး ခွဲထားလေ့ရှိပါတယ်။ အလုပ်သက်တမ်းကြာတာနဲ.အမျှ၊ ခရီးသွား ခွင့် ပိုရလေ့ရှိပါတယ်။
အလုပ် စ စချင်း ခွင့်ဘယ်လောက်ရမှာလဲ၊ ဘယ်နှစ် နှစ်ကြာရင် ခွင့်ရက် ဘယ်လောက် ထပ်တိုးမှာလည်း၊ ဆိုတာကို စုံစမ်းပါ။ ခရီးသွားခွင့် ကို တစ်နှစ်အတွင်းမှာ ကုန်အောင် မသုံးဖြစ်ရင်၊ နောက်နှစ်ကို သယ်လိုယ ရ မရကိုလဲ စုံစမ်းပါ။

၆။ ကျောင်း ၊ သင်တန်း တက်ခွင့်
အလုပ်ရှင်က ပိုက်ဆံ ပေးမဲ့ ကျောင်း၊ သင်တန်း၊ အစီအစဉ်ရှိမရှိ ။ ရှိရင် ၁ နှစ်ကို ဘယ်နှစ်ခေါက်၊ ဘယ်လောက်ကြာကြာ ခွင့်ပြုတယ်ဆိုတာကို မေးပါ။ School ၊ Training (သို.) Conference ကိုသွားရင် လေယာဉ် စရိတ်၊ ဟိုတယ် စရိတ် ၊ စားစရိတ် ပေါင်းရင် တော်တော် ကုန်ကျပါတယ်။ ကိုယ့်အတွက် လည်း ပညာတိုးတာမို. မရှိမဖြစ်လိုအပ်တယ်လို.ထင်ပါတယ်။

Post a Comment