Tuesday, April 29, 2008

IOS မျိုးဆက်သစ်


ပထမဦး Cisco IOS ကို ၁၉၈ရ ခုနှစ်မှာ William Yeager (Born 1940, SF CA) ကရေးခဲ့ပါတယ်။ IOS အသက် ၂၀ ကျော်ရှိပြီလို. ပြောရင်ရပါတယ်။
ဒီ ၁ နှစ်၊ ၂ နှစ် အတွင်းမှာ Cisco IOS ကို အပြောင်းအလည်း တော်တော်ကြီး လုပ်လာတယ်ဆိုတာကို သတိပြုမိပါတယ်။
ကျွန်တော် လက်လှမ်းမီသလောက် ပြောရလျင်၊
၁။ IOS
၂။ IOS-XE
၃။ IOS-XR
၎။ NX-OS ဆိုပြီး ၄ ခုကွဲသွားမလို ရှိနေပါတယ်။

၁။ IOS
Original IOS ဖြစ်လို. အထူးပြောစရာမရှိပါဘူး။ မကြာခင်မှာ (၅ နှစ် မှ ၁၀ နှစ် အတွင်း) IOS ကို အသုံးပြုတာ ရပ်စဲသွားမယ်လို.ထင်ပါတယ်။

၂။ IOS-XE
IOS-XE ကို Linux Kernel ပေါ်မှာ အခြေခံထားပြီး Modular Operating System ဖြစ်ပါတယ်။ Modular ဖြစ်တဲ့အတွက် upgrade လုပ်ရင်ဖြစ်ဖြစ်၊ Process တစ်ခုကို restart လုပ်ရင်ဖြစ်ဖြစ် Router ကို reboot လုပ်စရာ မလိုတော့ပါဘူး။
IOS-XE ကို အသုံးပြုတဲ့ Router တစ်ခုမှာ Operating System ကို backup copy အနေနဲ. run နေမှာဖြစ်ပြီး၊ Router ကိုပြုပြင်စရာ ရှိလျင် power off လုပ်ဖို.မလိုပါဘူး။ လောလောဆယ် Run နေတဲ့ OS ကနေ Backup ကိုပြောင်းချင်ရင်လဲ မျက်တောင်တခတ် အတွင်းမှာ ပြောင်းလို.ရတယ်လို. Cisco က ခပ်ကြွားကြွားပြောထားပါတယ်။
Cisco ရဲ. တရားဝင် အဖြေကတော့ IOS-XE ဟာ မျိုးဆက်သစ် IOS မဟုတ်ဘူး၊ Original IOS အတွက် addition သာဖြစ်တယ်လို.ဆိုပါတယ်။

ဒီ IOS က Edge Routers တွေအတွက်ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ ASR (Aggregation Services Router) မှာ IOS-XE ကို အသုံးပြုနေပါပြီ။
ASR Router ကို သုံးဖို.ရည်ရွယ်တဲနေရာတွေ ကတော့
၁။ Enterprise ဈေးကွက်မှာ ရုံးခွဲတွေကို ဆက်သွယ်မဲ့ WAN Circuits တွေကို စုပေါင်းလက်ခံတဲ့နေရာ
၂။ Service Provider ဈေးကွက်မှာ Broadband circuit customer တွေကို စုပေါင်းလက်ခံတဲ့နေရာ
တို.ဖြစ်ပါတယ်။

IOS-XE ရဲ. အားသာတဲ့ အချက်တွေကတော့
၁။ QoS (Quality of Service) (ဗမာလို ဘယ်လိုပြောရမလဲ မသိပါ။)
၂။ VoIP (Voice Over IP) အင်တာနက် ဖုံး
၃။ Security (Firewall)
၎။ NAT (Network Address Translation) စတဲ့ အလုပ်မျိုးစုံဖြစ်ပါတယ်။

စာညွှန်း -
၁။ Cisco ASR 1000 Router အမေးအဖြေ
၂။ Cisco ASR Router ကို တည်ထွင်သူနှင့်တွေ.ဆုံခြင်း

- IOS-XR နဲ. NX-OS အကြောင်း ဆက်ရေးပါဦးမယ်

Post a Comment