Friday, April 18, 2008

အမေရိက ကွန်ပြူတာ အလုပ် (၁) - အခွန်

အမေရိကမှာ အလုပ်လာလုပ်ရင် လခ ဘယ်လောက်တောင်းရမလဲ။?
သူငယ်ချင်း မိတ်ဆွေတွေက ဒီမေးခွန်း မေးတာ အနည်းဆုံး ၅ ကျိမ်ရှိပါပြီ။
အလွယ်ဆုံးအဖြေကတော့ - "လိုချင်သလောက်တောင်းပေါ့"။ ကျွန်တော်လည်း ပထမအလုပ်မှာ ဒီလိုစဉ်းစားခဲ့တာပါ။
တောင်းသလောက်ပေးတဲ့ အလုပ်ရှင်ကို အရမ်းသဘောကောင်းတယ် ထင်ခဲ့ပါတယ်။ ကျွန်တော်ခွက်ခွက်လန်အောင်မှားမှန်း ပထမ လခရမှသိရပါတယ်။

အမေရိကမှာ လခ အကြောင်းပြောရင် တနှစ်စာလခ ကိုအခြေခံ ပြောကြပါတယ်။ လခကို တစ်လမှာ နှစ်ခါခွဲ ပေးပါတယ်။ အများစုကိုပြောတာပါ။ တစ်ချို့ အလုပ်တွေမှာ တစ်နေ့ တစ်ခါ၊ တစ်လ တစ်ခါပေးတာရှိလယ်လို့ ကြားဖူးပါတယ်။

ဆိုပါတော့ တစ်လကို ဒေါ်လာ ၂၀၀၀ လိုချင်ရင် အလုပ်ရှင်ကို ဒေါ်လာ ၂၄၀၀၀ လိုချင်တယ်ဆို တောင်းရပါမယ်။ နှစ်ပတ်ကျော်လောက် (လ၀က်) အလုပ်လုပ်ပြီးလျင် ပထမ လစာရပါမယ်။ တစ်လ ၂၀၀၀ ဆိုတော့ လ၀က်လစာဖြတ်ပိုင်းမှာ ၁၀၀၀ ပါမယ်လိုမျှော်လင့်ရတာပေါ့။ တကယ်ရမဲ့လခက ၇၂၀ ဒေါ်လာ မပြည့်ချင်ဘူး။

ပထမတော့ကျွန်တော်အလုပ်ရှင်ကို တော်တော်စိတ်ဆိုးမိတယ်။ မပြောမဆိုနဲ့  လခ လေးပုံတစ်ပုံယူသွားတယ်ထင်မိတာပေါ့။ နောက်မှ တဖြေးဖြေးသဘောပေါက်တယ်။ အခွန် ... အခွန်မျိုးစုံနှူတ်သွားတာကို။

အမေရိကမှာ အလုပ်လုပ်ရင် ပေးရတဲ့ အခွန်တွေက (တစ်နှစ်လခ ဒေါ်လာ ၂၄၀၀၀ ပေါ်မှာမူတည်ပြီးတွက်ထား ပါတယ်။)

၁၊ ဗဟိုအစိုးရအခွန် (၇၈၂ + ၇၈၂၅ ထက်ပိုလျင် ၁၅%) = ၇၈၂ + ၂၄၂၆
၂၊ ပြည်နယ်အခွန် (နယူးယောက် ၆.၈၅%) = ၆၄၄
၃၊ မြို့ အခွန် (နယူးယောက် ၃၆၆ + ၁၅၀၀၀ ထက်ပိုလျင် ၃.၇%) = ၃၆၆ + ၃၃၃
၎၊ လူမှုအခွန် (၆.၂%) = ၁၄၈၈
၅၊ လူကြီးဆေးအာမခံအခွန် (၂.၉%) = ၆၉၆

တစ်နှစ် အခွန် စုစုပေါင်း = ၆၇၃၅
တစ်လ အခွန် စုစုပေါင်း = ၅၆၀
လ၀က် အခွန် စုစုပေါင်း = ၂၈၀
လ၀က် အခွန် လခ = ၁၀၀၀

ကျန်းမာရေးအာမခံ (လ၀က်ကို ဒေါ်လာ ၁၀၀ ကျော်)၀ယ်ဖို့ လိုပါတယ်။ အမေရိကမှာ ဆေးအာမခံမရှိုဘဲ မကျန်းမမာဖြစ်ရင် ဆေးဖိုးဝါးခ အင်မတန်ဈေးကြီးပါတယ်။

သွားလာစရိတ် (နယူးယောက်မှာနေလျင် မြေအောက်ရထား ဘတ်စကား တစ်လ ကြိုက်သလောက်စီးလိုရတဲ့လက်မှတ်) ၈၁။
စားသောက်စရိတ် (တစ်လ) ၂၀၀။
နေစရိတ် (တစ်လ) ၁၀၀၀။

ဒီလောက်ဆိုရင် လခဘယ်လောက်ရရင် ဘယ်လောက် ကိုယ်သုံးဖို.စုဖို. ကြန်မယ်ဆိုတာ အကြန်းဖြင်းတွက်လို့ရလောက်ပြီထင်ပါတယ်။

လစာ ဂဏန်းတွက်စက် (Personal Paycheck Calculators အောက်ထဲက Salary Paycheck Calculator ကိုရွေးပါ။ ) ကိုသုံးကြည့်ရင် တိတိကျကျ တွက်လို.ရပါမယ်။ ကိုယ်အလုပ်ရမယ့် ပြည်နယ်ကိုရွေးဖို. မမေ့ပါနဲ.။ ပြည်နယ်တစ်ခုနဲ. တစ်ခု အခွန်အများကြီးကွာလေ့ရှိပါတယ်။

Post a Comment