Cisco Systems သမိုင်းအကြောင်းကို ကျွန်တော် ဖတ်ဖူး၊ ကြားဖူးသလောက် ပြောပြပါမယ်။
Cisco Systems ကို ၁၉၈၄ ခုနှစ်မှာ Len Bosack, Sandy Lerner နဲ. Richard Troiano တို.က စတင်ခဲ့ပါတယ်။
Cisco ဆိုတဲ့နာမည်ကတော့ San Francisco ရဲ. နောက်ဆုံးစာလုံးတွေကိုယူထားတာပါ။ စောစောပိုင်းက Cisco Product Logo တွေ ဟာ San Francisco က Golden Gate တံတားရဲ. ပုံဖြစ်ပါတယ်။
Len Bosack နဲ. Sandy Lerner တို.က Stanford တက္ကသိုလ် ကွန်ပျူတာ ဌာနရဲ. ၀န်ထန်းတွေဖြစ်ပါတယ်။
ပထမဦးဆုံး Cisco Router ရဲ. Hardware ဟာ Motorola 68000 CPU ကို သုံးထားပြီး Circuit Board ကို Andy Bectolsheim က တီထွင်ခဲ့ပါတယ်။ Andy ကတော့ တကဲ့ Hardware ဆရာကြီးပါ။ Sun Microsystems ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး Google ကိုလည်း ဒေါ်လာ တစ်သိန်း ကို ၁၉၉၈ ခုနှစ်မှာ ရင်းနှီးခဲ့ပါတယ်။
ပထမဦးဆုံး Cisco Router ရဲ. Operating Systems ကို William Yeager က ရေးခဲ့ပါတယ်။ William ရဲ. IOS (Internetwork Operating Systems) က Standford University မှာရှိတဲ့ DEC PDP-11 ပေါ်မှာ အသုံးပြုဖို. ရေးခဲ့တာဖြစ်ပါတယ်။ DEC PDP ဆိုတာ မြန်မာပြည် ကွန်ပျူတာ တက္ကသိုလ်မှာ ၁၉၈၀ ထဲက သုံးခဲ့တဲ့ Mainframe ကွန်ပျူတာ ဖြစ်ပါတယ်။ ကျွန်တော် ၁၉၉၀ မှာ ကွန်ပျူတာ တက္ကသိုလ် စရောက်တော့ အဲဒီ PDP ကို အသုံးမပြုတော့ပါဘူး (အဲလို ခေတ်မှီတဲ့ ကွန်ပျူတာ တွေလဲ မရှိပါဘူး။)
Cisco ကုပ္မဏီ ထောင်ပြီးမကြာခင်မှဘဲ၊ ကုပ္မဏီ ကို စတင်ခဲ့တဲသူတွေနဲ. Stanford တက္ကသိုလ် တို. အမှုအခင်းဖြစ်ကြပါတယ်။
တက္ကသိုလ်က စတင် တရားစွဲပါတယ်။ အဓိက အကြောင်းက ၂ ခုပါ။
၁၊ တက္ကသိုလ် ၀န်ထန်းတွေက အလုပ်ချိန်မှာ ကျောင်းအလုပ်မလုပ်ဘဲ၊ ကိုယ်ပိုင် စီးပွားရေးလုပ်နေတယ်။
၂၊ Operating Systems ဟာ တက္ကသိုလ်ရဲ. အပိုင်ဖြစ်ပြီး၊ Len Bosack က William Yeager ဆီကနေ မလိမ့်တပတ်နဲ. ညာယူသွားတယ်။
William Yeager ကလည်း စိတ်ဆိုးပြီး တက္ကသိုလ်ဖက်က သက်သေလိုက်ထွက်ပေးပါတယ်။ နှစ်ဖက် ရှေ.နေတွေက Operating System ရဲ. Source code တွေကို တစ်ကြောင်းချင်း ရှဉ်ကြည့်ကြပါတယ်။
အကျဉ်းချုပ်ရရင် Cisco က အမှုရှုံးပြီး ဒေါ်လာ တစ်သိန်း လျော်ကြေး သဘောပေးရပါတယ်။ Len Bosack လည်း အလုပ်က အဖြုတ်ခံလိုက် ရပါတယ်။
၁၉၈၆ - ပထမဦးဆုံး Router စရောင်းပါတယ်။
၁၉၈၈ - ရင်းနှီးမြုတ်နှံသူတွေများလာပြီး John Morgridge ကို CEO အဖြစ်ခန်.ခဲ့ပါတယ်။ လုပ်ငန်းကြီးလာတာနဲ.အတူ Len Bosack နဲ. Sandy Lerner တို. ရဲ့ နေရာ တဖြေးဖြေး လျော့လာပါတယ်။
၁၉၉၀ - အများပိုင် ကုပ္မဏီ အဖြစ်ပြောင်းလဲပြီး၊ Stock Exchange မှာ CSCO ဆိုတဲ့ Symbol နဲ. လူတိုင်း ၀ယ်ယူခွင့် ပြုခဲ့ပါတယ်။
Sandy Lerner အလုပ်ဖြုတ်ခံရပြီး၊ Len Bosack အလုပ်ကထွက်သွားပါတယ်။ (ကိုယ်ထောက်ခဲ့တဲ့ ကုပ္မဏီ က အလုပ်ဖြုတ်ခံရတယ် ဆိုတာ သံဝေဃ ရစရာဘဲ။)
၁၉၉၃ - Cresendo ကုပ္မဏီ ကိုဝယ်ပါတယ်။ Cisco က ပထမဦးဆုံးဝယ်တဲ့ ကုပ္မဏီ ဖြစ်ပါတယ်။ (၂၀၀၈ ခုနှစ်မှာ
Cisco က ၀ယ်တဲ့ ကုပ္မဏီ စုစုပေါင်း ၁၀၀ လောက်ရှိပါပြီ။)
၁၉၉၄ - ပထမဦှးဆုံအကြိမ် တနှစ်ဝင်ငွေ ဒေါ်လာ သန်းတစ်ထောင် (1 Billion) ကျော် ခဲ့ပါတယ်။
၁၉၉၅ - John Chambers ကို CEO ရာထူးတင်ပေးခဲ့ပါတယ်။
၁၉၉၈ - ကုပ္မဏီ တန်ဖိုး (Market Capitalization) 100 Billions ကျော်ခဲ့ပါတယ်။
၂၀၀၀ - ကုပ္မဏီ တန်ဖိုး (Market Capitalization) 450 Billions ကျော်ခဲ့ပါတယ်။
၂၀၀၈ - ကုပ္မဏီ တန်ဖိုး (Market Capitalization) 150 Billions ကျော်ရှိပါတယ်။ ၂၀၀၀ ခုနှစ်က dot-com crash ဖြစ်ပြီးတဲ့နောက် ပြန်ပြီး နလံမထူ လာဘူးလို. ထင်ပါတယ်။
Post a Comment